Friday, May 22, 2020

မွတ်စလင်ဒုက္ခသည်စခန်းဆောက်ရန် သန်း(၂၀၀၀)ကျော်သုံးမည်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ ကျောက်တလုံး မူဆလင်ဒုက္ခစခန်း ပြောင်းရွှေ့တည်ဆောက်ရန်အတွက် ကျပ်သန်းနှစ်ထောင်ကျော် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။ နိုင်ငံတော်သမ္မတ၏ အရေးပေါ်ရန်ပုံငွေထဲမှ ရခိုင်ပြည်နယ်အစိုးရ၏ တွက်ချက်တင်ပြလာသည့် စုစုပေါင်းကုန်ကျငွေကျပ် (၂၀၉၉.၃၁) သန်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ သုံးစွဲခွင့်ရှိခဲ့ခြင်းဖြစ်ပြီး ထိုသို့သုံးစွဲခြင်းအား လွှတ်တော်နာယက ဦးတီခွန်မြတ်က လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း ယမန်နေ့က ကြေငြာခဲ့ပါတယ်။
ထိုငွေများကို နေအိမ်(၃၆၃)လုံးနှင့် ဆက်စပ်လုပ်ငန်းများဖြစ်သည့် စာသင်ကျောင်း၊ ရေလောင်းအိမ်သာ၊ ဂိုထောင်၊ ဆေးပေးခန်း၊ အုပ်ချုပ်ရေးမှူးရုံး တည်ဆောက်ခြင်း၊ ရေရရှိရေးလုပ်ငန်း၊ မီးသွယ်တန်းခြင်း၊ တာဘောင်ဆည်ဖို့ခြင်း၊ ကျောက်ချောလမ်းနှင့် ပြန်လည်နေရာချထားမည့် မြေနေရာတို့အတွက် မြေရာလျော် ကြေးပေးခြင်းများ အတွက်ပါ အသုံးပြုမည်ဖြစ်ပါတယ်။ ထိုဒုက္ခသည်စခန်းမှာ ၂၀၁၂ ခုနှစ် ပဋိပက္ခများဖြစ်ပွားပြီးနောက်ပိုင်း ဖွင့်လှစ်ခဲ့သော စခန်းတခုဖြစ်ပြီး လူဦးရေအားဖြင့် တစ်ထောင်ဝန်းကျင်ခန့်ရှိကြောင်း ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဘရှိန်က ပြောပါတယ်။
ရေ မီး လျှပ်စစ် စာသင်ကျောင်း ရုံးစသည့် အခြေခံအဆောက်အဦးမှာဖြင့် စနစ်တကျဖြစ်စေရေးအတွက် မူ လ IDPစခန်းနှင့် မနီးမဝေးတွင် ပြောင်းရွှေ့ဖွင့်လှစ်ရန် စီစဉ်နေခြင်းဖြစ်ပြီး ၂၀၂၀ ခုနှစ် မတ်လ (၁၈)ရက်နေ့က ဒေါ်စုကြည်ဦးဆောင်ပြီး ကျင်းပပြုလုပ်ခဲ့သည့် ကျောက်ဖြူမြို့နယ် ကျောက်တလုံး IDP စခန်း ပိတ်သိမ်းရေးနှင့် ပတ်သက်သော ညှိုနှိုင်းအစည်းအဝေးတွင် ယင်းစခန်းကို ရွှေ့ပြောင်း အဆင့်မြှင့်တင်ရန်နှင့် ကုန်ကျ စရိတ်များကို သမ္မတ၏ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက လွှတ်တော်တွင် ပြောဆိုခဲ့ပါတယ်။
Source - Nay Thurain

0 comments:

Post a Comment