တနင်္သာရီတိုင်းဒေသကြီးအတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မော်တော်ယာဉ်လိုင်းများနှင့် လေကြောင်းလိုင်းများ ပြေးဆွဲမှုကို ယာယီရပ်ဆိုင်းထားရာမှ ယခုအခါ ခရီးသွားပြည်သူများ သွားလာမှု အဆင်ပြေစေရန် အတွက် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်း လေယာဉ်ခရီးစဉ်ကိုမေ ၂ ရက်နေ့နှင့် ပူတာအိုမြို့လေယာဉ်ခရီးစဉ်ကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ် ပျံသန်းပြေးဆွဲ နေပြီဖြစ်ကြောင်း သိရသည်။
ပထမဆုံး ပြန်လည်စတင် ပြေးဆွဲသည့် ခရီးစဉ် အတွက် လေယာဉ်သည် ကော့သောင်းမြို့သို့ မေ ၂ ရက် မွန်းလွဲပိုင်းတွင် ဆိုက်ရောက်လာခဲ့ပြီး အဆိုပါ လေကြောင်းလိုင်းဖြင့် ကော့သောင်းမြို့သို့ ရောက်ရှိလာ သော ခရီးသည်များအနက် ရန်ကုန်မြို့မှ လိုက်ပါစီးနင်း လာသည့် ခရီးသွားပြည်သူများ အားလုံးသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် သတ်မှတ်ထားသည့် သီးသန့် ထား စောင့်ကြည့်နေရာများ၌ ၂၁ ရက်ကြာ နေထိုင်ရမည်ဖြစ် ကြောင်း သိရသည်။
ထို့ပြင် ပူတာအို ခရီးစဉ်အား ‘‘လက်ရှိမှာ မေလ(၁,၃,၄,၆,၈)ရက်များမှာ ပြေးဆွဲဖို့လျာထားပေ မယ့် အခုအချိန်မှာတော့ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးလုပ်ငန်း အရှိန် အဟုန်မြှင့် ဆောင်ရွက်နေချိန်ဖြစ်လို့ အကြောင်း အမျိုးမျိုးဖြစ်ပေါ်လာခဲ့ရင် တော့ အခြေအနေအရ ပျံသန်းပြေးဆွဲ သွားမှာဖြစ်ပါတယ်။လက်မှတ်များကိုတော့ ပုံမှန်အတိုင်း အရောင်းကိုယ် စားလှယ်များနဲ့ အွန်လိုင်းကနေဝယ်ယူအားပေးလို့ရကြောင်း’’လည်း သိရသည်။
ထို့အပြင် လေယာဉ်ပေါ်ပါ ခရီးသည်များအားလုံးကို ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ မှ တာဝန်ရှိသူများက စနစ်တကျ ကျန်းမာရေးစစ်ဆေးခြင်း နှင့် ခရီးသွားရာဇဝင် မေးမြန်း မှတ်တမ်းယူခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ကိုယ်အပူချိန်မြင့်မားနေသူများ နှင့် ရောဂါသံသယဖြစ်ဖွယ် အခြေအနေများ စစ်ဆေးတွေ့ရှိ ရပါက ရန်ကုန်မှလာသူ မဟုတ်သော်လည်း ကျန်းမာရေး ဌာန၏ ဆုံးဖြတ်ချက်အပေါ်မူတည်၍ သက်ဆိုင်ရာ သီးသန့် ထား စောင့်ကြည့်စခန်းများတွင် စောင့်ကြည့်မှုခံယူရမည် ဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လေကြောင်း ခရီးစဉ် ပျံသန်းပြေးဆွဲမှုများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ဧပြီ ၃၀ ရက်အထိ ယာယီ ရပ်ဆိုင်း ထားခဲ့ရာမှ ယခုအခါ သတ်မှတ်ရက်ပြည့်သွားပြီဖြစ်သဖြင့် ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်း ခရီးစဉ်ကို ယခင် အတိုင်း နေ့စဉ် ပုံမှန် ပြန်လည်ပျံသန်းပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။
ပူတာအို ခရီးစဉ်အား မြန်မာအမျိုးသားလေကြောင်း လိုင်းမှ ဧပြီ ၁၃ ရက်မှ ၃၀ ရက်အထိ ပျံသန်းပြေးဆွဲမှုများကို ယာယီ ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကာ ယခုအခါ အပတ်စဉ် တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာရက်များတွင် ပုံမှန် အတိုင်း ပြန်လည်ပြေးဆွဲ ပျံသန်းပေး သွားမည့် အပြင် ရွှေမြန်မာလေကြောင်း လိုင်းကိုလည်း မေ ၁၆ ရက်မှ စတင် ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
Ref ; Myanmaalinn #Myanmar_Online_News
0 comments:
Post a Comment