
မနေ့က မေလ ၁၁ ရက်နေ့တွင် အီရန်ရေတပ်ဟာ မှားယွင်းပစ်ခတ်မှု မတော်တဆ ဖြစ်ပွားခဲ့ပြီး သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ကာ ရေတပ်သား ဒါဇင်များစွာ သေဆုံးခဲ့ရတယ်လို့ အတည်မပြုနိုင်တဲ့ သတင်းတွေက ဆိုပါတယ်။ Jamaran ဖရီးဂိတ်သင်္ဘောဟာ သင်္ဘောဖျက်ဒုံးကျည်တစ်စင်းကို စမ်းသပ်ခဲ့တာ ဖြစ်ပြီး ဒီ ဒုံးကျည်က ထောက်ပို့စစ်သင်္ဘော Konarak ဆီ ပစ်မှတ်ဦးတည်သွားပြီး ထိမှန်ခဲ့တာ ဖြစ်တယ်လို့ ဌာနေဂျာနယ်လစ်တွေက ပြောပါတယ်။
အစိုးရဖက်စပ် အီရန်သတင်းဌာနဖြစ်တဲ့ Fars သတင်းကတော့ သင်္ဘောသားတစ်ဦး သေဆုံးပြီး ဒဏ်ရာရသူ အတော်အတန် ရှိကြောင်း ဖော်ပြပါတယ်။
ဟော်မုဇ်ရေလက်ကြားအနီးမှာ တနင်္ဂနွေနေ့က တိုက်မိကြတာဖြစ် Fars သတင်းက ဖော်ပြပါတယ်။ အီရန်တော်လှန်ရေးအစောင့်တပ်ပေါင်းစု IRGC က ကွပ်ကဲနေတဲ့ Jamaran ဖရီးဂိတ်သင်္ဘောဟာ ရေပေါ်ပေါ် ပစ်မှတ်နေရာကနေ Konarak သင်္ဘော အဝေးကို ခုတ်မောင်း ရှောင်ရှားဖို့ ရှိချိန်မှာ အချိန်မတိုင်သေးဘဲ ဒုံးကျည်ကို ပစ်လွှတ်ခဲ့တာ ဖြစ်တယ်လို့ အတည်မပြုနိုင်တဲ့ သတင်းတွေအရ သိရပါတယ်။

ဒဏ်ရာရတဲ့ သင်္ဘောသားတွေကို အရေးပေါ်ယာဉ်တွေဆီ ဆွဲယူလာတဲ့ ဗီဒီယိုတွေ လူမှုမီဒီယာမှာ မြင်တွေ့ရပါတယ်။ ဇန်နဝါရီလအတွင်းကလည်း IRGC ဟာ အမေရိကန်နဲ့ တင်းမာမှုတွေ မြင့်တက်နေချိန် တီဟီရန်မြို့အနီး ယူကရိန်းလေယာဉ်တစ်စင်းကို မှားယွင်းပစ်ချခဲ့လို့ လေယာဉ်ပေါ်ပါ လူ ၁၇၆ ဦးစလုံး သေဆုံးခဲ့ပါတယ်။


Ref : BBC
Writer_ မောင်သံဆင့်(XYZ News)






0 comments:
Post a Comment