Tuesday, May 19, 2020

အိန္ဒိယနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိ ပိတ်မိနေသည့် မြန်မာနိုင်ငံသားများအားပထမအသုတ် ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ခြင်း

Image may contain: 2 people, people standing
၁။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (COVID-19) ကူးစက်မှု တားဆီးကာကွယ်ရေး အစီအမံများကြောင့် အိန္ဒိယနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိပိတ်မိနေ၍ ဆက်လက်နေထိုင်ရန် အခက်အခဲဖြစ်နေသည့် မြန်မာနိုင်ငံသား ဆေးကုသမှုခံယူရန် လာရောက်ခဲ့သူများ၊ ပညာတော်သင်များ၊ စုစုပေါင်း (၉၅) ဦးတို့အား ပထမအသုတ် ကယ်ဆယ် ရေးလေယာဉ်အဖြစ် ၁၉-၅-၂၀၂၀ ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် နယူးဒေလီမြို့၊ အင်ဒီရာဂန္ဓီ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ဖြင့် မြန်မာ နိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ပါသည်။

၂။ နယူးဒေလီမြို့၊ အင်ဒီရာဂန္ဓီ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါမည့် မြန်မာနိုင်ငံသားများ အဆင်ပြေ ချောမွေ့ စေရေးအတွက် မြန်မာသံအမတ်ကြီး ဦးဆောင်သော စစ်သံမှူး၊ သံမှူးကြီးနှင့် မြန်မာသံရုံး၊ နယူးဒေလီမြို့ရှိ သံရုံးဝန်ထမ်းများမှ လေဆိပ်သို့ သွားရောက်ကာ သက်ဆိုင်ရာ အာဏာပိုင် များနှင့် ညှိနှိုင်း၍ လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
Image may contain: one or more people, people standing, crowd and indoor
Image may contain: one or more people and people standing
Image may contain: one or more people and indoor
Image may contain: one or more people and people standing
Image may contain: one or more people, people standing and indoor
Image may contain: one or more people and people standing
Image may contain: text
မြန်မာသံရုံး၊ နယူးဒေလီမြို့

0 comments:

Post a Comment