Tuesday, May 19, 2020

ထိုင်ဝမ်အနေဖြင့် မြောက်ကိုရီးယားနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့ မှုများကို လိုက်နာလျက်ရှိကြောင်း ထိုင်ဝမ်မှ အမေရိကန်နိုင်ငံအား ပြောကြား

Image may contain: 1 person, standing, ocean, sky, outdoor and water

ထိုင်ဝမ်အနေဖြင့် မြောက်ကိုရီးယားနိုင်ငံအပေါ် ချမှတ်ထားသည့် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများကိုလိုက်နာလျက်ရှိကြောင်း ထိုင်ဝမ်အကြီးတန်းလုံခြုံရေးအရာရှိ တစ်ဦးမှ မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် လက်ထောက်ကိုယ်စားလှယ်အား မေလ ၁၉ ရက်နေ့က ပြောကြားခဲ့ပါသည်။ ထိုင်ဝမ်သည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမဟုတ်သော်လည်း တာဝန်ရှိသော global player အဖြစ် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားနှင့် ဒုံးလက်နက် အစီအစဉ်များအား ထိန်းချုပ်ရန် ပြဋ္ဌာန်းထားသည့် အရေးယူပိတ်ဆို့မှုများကို လိုက်နာခဲ့ပါသည်။

၂၀၁၈ ခုနှစ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အရေးယူပိတ်ဆို့မှု ကော်မတီသို့ တင်သွင်းသည့် လျှို့ဝှက်အစီရင်ခံစာတစ်စောင်တွင် လွတ်လပ်သော ကုလသမဂ္ဂ စောင့်ကြည့်လေ့လာသူများမှ ၎င်းတို့အနေဖြင့် အ ရေးယူပိတ်ဆို့မှုများကို ချိုးဖောက်၍ ရေနံထုတ်ကုန်များအား သင်္ဘောများမှတစ်ဆင့်ကူးသန်းရောင်းဝယ်နေခြင်းကို စုံစမ်း စစ်ဆေးခဲ့ကြောင်း၊ အဆိုပါသင်္ဘောများ၏ နောက်ကွယ်ရှိ အချိတ်အဆက်များသည် ထိုင်ဝမ်တွင် အဓိကအခြေပြုကြောင်း ပြောကြားခဲ့ပါသည်။
ထိုင်ဝမ်အမျိုးသားလုံခြုံရေးကောင်စီ၏ ဒုတိယအတွင်းရေးမှူးချုပ် Tsai Ming-Yeng မှ “ထိုင်ဝမ်သည် နိုင်ငံ တကာအသိုင်းအဝိုင်းတွင် တာဝန်ရှိသော အဖွဲ့ဝင်ဖြစ် ကြောင်း” အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ မြောက်ကိုရီးယားဆိုင်ရာ လက်ထောက် အတွင်းရေးမှူး Alex Wong အား ပြောကြားခဲ့ပါသည်။ ထိုင်ဝမ်သည် အမေရိကန်နိုင်ငံနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံအပေါ် ချမှတ်ထားသည့် နိုင်ငံတကာအရေးပိတ်ဆို့မှုကို လိုက်နာရန် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု Tsai Ming-Yeng မှ ပြောကြားခဲ့ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖော်ပြထားပါသည်။
Tsai Ming-Yeng မှတ်ချက်ပြုပြောကြားခဲ့သည့် teleconference တွင် ထိုင်ဝမ်၏ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံး၊ ထိုင်ဝမ်၏ တရားရေးဝန်ကြီးဌာန၊ ဆိပ်ကမ်း အာဏာပိုင်များနှင့် ကမ်းခြေစောင့်တပ်ဖွဲ့များမှ ကိုယ်စားလှယ်များလည်း ပါဝင်ခဲ့ ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။
ထိုင်ဝမ်သည် ၎င်း၏ ကုမ္ပဏီများအား ကုလသမဂ္ဂအရေးယူပိတ်ဆို့မှုများကို လိုက်နာရန် တောင်းဆိုခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်ကို လိုက်နာ ရန်အတွက် မြောက်ကိုရီးယားနိုင်ငံသို့ သန့်စင်ထားသောရေနံနှင့် ဓာတ်ငွေ့ရည် (LNG) တင်ပို့မှုများအပြင် အဝတ်အထည်နှင့် အထည်အလိပ်တင်သွင်းမှုများကို ရပ်တန့်ခဲ့ ပါသည်။
Tsai Ming-Yeng နှင့် Alex Wong တို့အကြား ပြောဆိုမှုသည် တိုင်ပေနှင့် ဝါရှင်တန်တို့အကြား တရားဝင်သံတမန်ဆက်ဆံရေးမရှိသော ဆက်ဆံပြောဆိုမှုကို အရှိန်မြှင့်လာသည့် နောက်ထပ် လက္ခဏာတစ်ရပ်ဖြစ်ပါသည်။ အမေရိကန်အစိုးရသည် ထိုင်ဝမ်နှင့်ဆက်ဆံရေးအားကောင်းလာစေရန် အဓိက လုပ်ဆောင်လျက်ရှိပါသည်။
ထိုကဲ့သို့လုပ်ဆောင်မှုသည် တရုတ်နိုင်ငံကို အမျက်ဒေါသဖြစ်စေခဲ့ပြီး အမေရိကန်- တရုတ် ဆက်ဆံရေးတင်းမာမှုများတွင် နောက်ထပ် အရင်းအမြစ်တစ်ခု ဖြစ်လာခဲ့ပါသည်။
Source - Reuters #Myanmar_Online_News

(Reuters

0 comments:

Post a Comment