Tuesday, May 19, 2020

ရှမ်းတိုင်းရင်းသားများ၏ ယဉ်ကျေးမှုအမွေအနှစ် တစ်ခုဖြစ်သည့် ပင်လောင်းစော်ဘွားဟော်နန်း ပြိုကျပျက်စီး

Image may contain: sky, mountain, cloud, house, outdoor and nature

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် အရှေ့ရပ်ကွက်တွင်ရှိသည့် နှစ်(၁၀၀)ကျော်သက်တမ်းရှိ ပင်လောင်းစော်ဘွားဟော်နန်းသည် မေလ(၁၉)ရက် မွန်းလွဲ (၁း၃၀)နာရီခန့်က ပြိုကျပျက်စီးသွားကြောင်း သိရပါသည်။

မေလ(၁၉)ရက် မွန်းလွှဲပိုင်းအချိန်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှမ်းတိုင်းရင်းသား များ၏ တန်ဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် ဟော်နန်းကြီးဟာ လုံးဝပြိုကျပျက်စီး သွားကြောင်း သိရပါတယ်။
“ ခုလိုဖြစ်သွားတော့ ရင်ထဲက မကောင်းဘူးပေါ့၊ တချို့ အသက်ကြီးပိုင်းကလူတွေဆို ပျက်စီးသွားတဲ့ ဟော်နန်းကို ကြည့်ပြီး ငိုကြတယ်ပေါ့၊ ဟော်နန်းအတွင်းမှာရှိတဲ့ ပစ္စည်းတွေကိုတော့ ပြန်လည်ထိန်းသိမ်းထားပေးပါမယ်၊ ရှေ့ဆက်ဘယ်လိုပြန်ပြီး လုပ်ဆောင်သွားမယ်ဆိုတာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ကပ်ရောဂါပြီးမှ ကျွန်တော်တို့ အစည်းအဝေးထိုင်ပြီး ဆွေးနွေးသွားမယ်” လို့ ဒေသခံတစ်ဦးဖြစ်တဲ့ စိုင်းခွန်မှိုင်းခမ်း က ပြောပါသည်။
၂၀၁၆ ခုနှစ် မေလဆန်းပိုင်းကလည်း လေပြင်းတိုက်ခတ်မှုကြောင့် ပင်လောင်းဟော်နန်း အပါအဝင် ပင်လောင်းဒေသရှိ လူနေအိမ်များ အိမ်ခေါင်မိုးလှန်ခြင်းနှင့် ပြိုကျပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ဖူး ကြောင်း သိရပါသည်။
“ မိုးသည်းတော့ လုံးဝပြိုကျပျက်စီးသွားပြီ၊ ပင်လောင်းမြို့ရဲ့ သင်္ကေတလည်းဖြစ် ပြီးတော့ ရှမ်းတိုင်းရင်းသားတို့ရဲ့ အမွေအနှစ်လည်းဖြစ်တဲ့ ဟော်နန်းကြီးက အဝေးက လာတဲ့ဧည့်သည်တိုင်း သွားရောက်လည်ပတ်တဲ့ နေရာလေးတစ်ခု ဖြစ်တယ်” လို့ ပင်လောင်းမြို့နေ Shan Youths Organization မှ စိုင်းဆိုင်မှိုင်း က ပြောပါသည်။
ပင်လောင်းဟော်နန်းတွင် နောက်ဆုံးစိုးစံ အုပ်ချုပ်ခဲ့သည့် စော်ဘွားမှာ စဝ်မိုးကျော် ဖြစ်ပြီး ဟော်နန်းကို သစ်သားမိုး၊ ပျဉ်ထောင်ဖြင့် တည်ဆောက်ထားကာ နှစ်ပေါင်း(၁ဝ၆) သက်တမ်းရှိပြီ ဖြစ်ကြောင်း သိရှိရပါသည်။
Image may contain: sky, house, tree, outdoor and nature
Image may contain: sky, cloud, mountain, outdoor and nature
Image may contain: sky, house, cloud, outdoor and nature
Image may contain: mountain, house, sky, outdoor and nature

MRTV

0 comments:

Post a Comment