
မေလ(၁၁)ရက် ညနေက လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဦးထွန်းညိုလမ်းပေါ်တွင် တရုတ်လုပ်ငန်းရှင်အား သတ်ဖြတ်သွားသည့် တရားခံများအနက် တစ်ဦးကို မေလ(၁၃)ရက်နေ့ နေ့လယ် (၂:၃၀)အချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဖမ်းဆီးရမိသော လူသတ်တရားခံမှာ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ညောင်ကျေးရွာ၊ သဇင်လမ်းတွင်နေထိုင်သူ ရဲကိုကို (၃၀ နှစ်)ဖြစ်ပြီး ၎င်းကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာန၊ တိုင်းဒုစရိုက်နှိမ်နင်းရေးပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ကျန်တရားခံများကို ဆက်လက်ဖမ်းဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဖြစ်စဉ်မှာ မေလ (၁၁) ရက် ညနေ (၃:၃၀) နာရီတွင် ရွှေလင်ဗန်းစက်မှုဇုန် ဦးထွန်းညိုလမ်းပေါ်၌ တရုတ်လုပ်ငန်းရှင် မစ္စတာ ရန်ဘန်ချောင်၏ ကားနှင့် ဆိုင်ကယ်နှစ်စီးတို့ လမ်းလုမောင်းရာမှ ခိုက်ရန်ဖြစ်ပွားခဲ့သည်။ ဆိုင်ကယ်စီးနင်းသူများက ပါလာသည့်ဓါးများဖြင့် ဝိုင်းဝန်းထိုးခုတ်ခဲ့သည့်အတွက် မစ္စတာရန်ဘန်ချောင်မှာ ကားပေါ်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။


Crd : HealthCare #Myanmar_Online_News






0 comments:
Post a Comment