
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်မှာ မိုးနဲမြို့နယ်မှာ ကျပ်၂၄.၁၅သန်းနဲ့ တည်ဆောက်ထားတဲ့ ဂါလန်၅၀၀၀ဆံ့ရေကန် ပြိုကွဲပွင့်ထွက်မှုကြောင့် ပြည်သူတစ်ဦး မှ ဒီကနေ့ မေလ ၁၂ရက်က သက်ဆိုင်ရာသို့ တိုင်ကြားထားကြောင်း သိရပါတယ်။
မိုးနဲမြို့နယ်၊ ခိုတိဝိုးကျေးရွာမှာ (၂၀၁၇ -၂၀၁၈) ဘဏ္ဍာရေးနှစ် စိမ့်စမ်းရေထွက် သွယ်ယူတဲ့လုပ်ငန်းကို ခွင့်ပြုငွေ ကျပ်၂၄.၁၅သန်းနဲ့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူတည်ဆောက်ခဲ့တဲ့ ရေကန်က ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၁ရက်က ပြိုကွဲပွင့်ထွက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုဖြစ်ပွားခဲ့တဲ့အတွက် ကျေးရွာသူ/သားတွေက ဒီကနေ့ထိ သောက်သုံးရေ ရရှိခဲ့ခြင်းမရှိဘဲ အခက်တွေ့နေရပြီး နိုင်ငံတော်ဘဏ္ဍာငွေတွေ များစွာ ဆုံးရှုံးနစ်နာ နေ တဲ့အတွက် မိုးနဲမြို့နယ်က ဒေသခံပြည်သူ ဦးဇော်ကြီး(ခ)ဦးခင်မောင်ထွေးက သက်ဆိုင်ရာသို့ တင်ပြတိုင်တန်းထားတာ ဖြစ်ကြောင်း သိရပါတယ်။
ဦးဇော်ကြီး (ခ)ဦးခင်မောင်ထွေးက လင်းခေးခရိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လင်းခေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူး၊ လင်းခေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ထံ တင်ပြတိုင်တန်းထားတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ မိုးနယ်မြို့နယ်အတွင်းရှိ ကျေးရွာတော်တော် များများမှာလည်း ရေကန်တွေ အက်ကွဲပြီး ရေတွေစိမ့်ထွက် နေတယ်လို့လည်း သိရပါတယ်။


သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ဓါတ်ပုံ-ဇော်ကြီးမိုးနဲ






0 comments:
Post a Comment