Tuesday, May 19, 2020

ကျိုင်းတုံမြို့မှ COVID-19 အတည်ပြုလူနာ case (၉၆) ယနေ့ ဆေးရုံဆင်းခွင့်ရ

Image may contain: sky, tree, plant and outdoor

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးဝါးကုသမှု ခံယူခဲ့သော COVID-19 အတည်ပြုလူနာအမှတ် (၉၆) သည် ရောဂါမှ ပြန်လည်သက်သာလာပြီးနောက် ဆေးရုံတွင် Hospital Quarantine ၁၄ ရက် ပြည့်မြောက်ခဲ့ပြီဖြစ်သဖြင့် ယနေ့ မေလ ၂၀ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကြောင်း သိရသည်။

“Case-96 က ဒီနေ့ ဆင်းရမှာပါ။ ကျန်းမာရေးလည်း ကောင်းပါတယ်။ Social Distancing နဲ့ Mask တပ်ဖို့လည်း မှာကြားထားပါတယ်။ ကျန်တဲ့ လူနာ ၂ ယောက်ကလည်း ကျန်းမာရေး ကောင်းပါတယ်။ Case-64 ကတော့ ၆ ကြိမ်မြောက်အထိ Positive ထွက်နေတုန်းပါပဲ။ Case-112 ကတော့ ၅ ကြိမ်မြောက်မှာ Negative ဖြစ်သွားတဲ့ အတွက် ဒီနေ့မနက် ဓါတ်ခွဲနမူနာ ပြန်ယူပြီး ဒီနေ့လေယာဉ်နဲ့ ထပ်ပို့မှာပါ” ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
အဆိုပါ အတည်ပြုလူနာအမှတ် (၉၆) သည် တာချီလိတ်မြို့မှ အသက် ၄၃ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ရောဂါပိုး ၂ ကြိမ်ဆက်တိုက် မတွေ့ရှိတော့သဖြင့် ဆေးရုံတွင် အခန်းပြောင်းကာ Hospital Quarantine နေထိုင်နေခြင်းဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် COVID-19 အတည်ပြု လူနာ ၃ ဦး ရှိပြီး ၎င်းတို့မှာ မိုင်းဖြတ်မြို့မှ လူနာအမှတ်(၆၄) ဖြစ်သည့် အသက် ၂၃ နှစ်အရွယ် အမျိုးသား၊ တာချီလိတ်မြို့မှ လူနာအမှတ်(၉၆) ဖြစ်သည့် အသက် ၄၃ နှစ်အရွယ် အမျိုးသားနှင့် လူနာအမှတ် (၁၁၂)ဖြစ်သည့် အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတို့ ဖြစ်သည်။
crd-ကမ္ဘောဇတိုင်း #Myanmar_Online_News

>>zawgyi<<
ကျိုင်းတုံမြို့မှ COVID-19 အတည်ပြုလူနာ case (၉၆) ယနေ့ ဆေးရုံဆင်းခွင့်ရ
Wednesday, May 20, 2020

0 comments:

Post a Comment