Tuesday, May 19, 2020

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

Image may contain: food
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မေလ ၁၉ ရက်နေ့နံနက် ၉ နာရီ၂ ၅ မိနစ်ခန့်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်နယ်နိမိတ်မှတ်တိုင် ၄၀ ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာနေရာ၌ ခြုံပုတ်အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၇၆၀၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၁၅၂၀ ခန့်)နှင့် MPT ဆင်းကတ် ၇၀၀ ကတ်ကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့် ဆင်းကတ်များကို သက်ဆိုင်ရာသို့ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

0 comments:

Post a Comment