Saturday, May 23, 2020

ကြားဖြတ်အစီရင်ခံစာ ICJ တရားရုံးကို မြန်မာတင်မည်

မြန်မာနိုင်ငံအနေနဲ့ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးက ဆုံးဖြတ်ထားတဲ့ ကြားဖြတ်စီမံမှု လိုက်နာဆောင်ရွက်မှု ပထမဆုံး အစီရင်ခံစာကို စနေနေ့ ဒီကနေ့တင်သွင်းဖို့ ရှိတယ်လို့ AP သတင်းတရပ်မှာ ဖော်ပြထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနဲ့ စီးပွားရေးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးချမ်းအေးက အစီရင်ခံစာအတွက် ပြင်ဆင်လျက်ရှိပါတယ်လို့ သောကြာနေ့က AP သတင်းဌာနကို ပြောပေမဲ့ အသေးစိတ်တော့မပြောပါဘူး။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အစီရင်ခံစာအတွက် အစိုးရက တောင်းခံလာတဲ့ လိုအပ်တဲ့ အချက်အလက်တွေကို တပ်မတော်ဘက်က အပြည့်အဝ အကူအညီပေးခဲ့တယ်လို့ ပြောပါတယ်။
ICJ အပြည်ပြည်ဆိုင်ရာတရားရုံးက ပြီးခဲ့ တဲ့ ဇန်နဝါရီလက မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂါလီတွေကို အကာ အ ကွယ်ပေးဖို့နဲ့ သက်သေခံအချက် အလက်များ မပျက်စီးအောင်စီမံဆောင်ရွက်ဖို့ ဆုံးဖြတ်ထားပေမဲ့ မြန်မာ နိုင်ငံအနေနဲ့ လိုက်နာဆောင်ရွက်မှု အားနည်းနေတယ်လို့ လူအခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်နေကြသလို အကြမ်းဖက်ဆောင်ရွက်မှုတွေ ပပျောက်အောင် ဆောင်ရွက်တဲ့ ခြေလှမ်းမျိုးမြင်တွေ့ရခြင်းမရှိဘူးလို့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ကသောကြာနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
Source - RFA

0 comments:

Post a Comment