
အရင်က စာဖတ်ပရိသတ်တွေကို ဝူဟန်ဆရာဝန် (၂) ဦးဟာ ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်ပြီးနောက် အသားရောင်ပြောင်းသွားတဲ့သတင်းကို တင်ဆက်ပေးခဲ့ဖူးပါတယ်နော်။ အခုဆိုရင် အဲဒီဆရာဝန် (၂) ဦးထဲက တစ်ယောက်ဖြစ်တဲ့ဒေါက်တာရီဖန်ဟာ COVID-19 ကြောင့် အနက်ရောင်ပြောင်းသွားတဲ့အသားရေက နဂိုအသားရေအဖြစ်သို့ ဖြည်းဖြည်းချင်းချင်း ပြန်ပြောင်းလာနေပါပြီ။ ဇန်နဝါရီလက COVID-19 ကူးစက်ခံခဲ့ရတဲ့ ဒေါက်တာရီဖန်က ရောဂါကနေ ပြန်လည်ကောင်းမွန်လာတဲ့အတွက် ပြီးခဲ့တဲ့အပတ်က ဝူဟန်ဆေးရုံကနေ ဆင်းခွင့်ရခဲ့ပါတယ်။
ဒေါက်တာရီဖန်နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဒေါက်တာဟူဝေဖန်တို့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် သူတို့ရဲ့အသားရောင်က ရုတ်တရက် မဲနက်သွားတဲ့အတွက် မီဒီယာတွေမှာ ခေါင်းကြီးပိုင်းအနေနဲ့ပါဝင်ခဲ့တာဖြစ်ပါတယ်။ သူတို့(၂) ဦးက လွန်ခဲ့တဲ့ (၄) လနီးပါးလောက်က Wuhan Central Hospital မှာလူနာတွေကိုကုသပေးရင်းနဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။ သူတို့(၂) ဦးလုံးက ကိုရိုနာဗိုင်းရပ်စ်အ ကြောင်း ပထမဆုံးအသိပေးခဲ့တဲ့ဆရာဝန် လီဝမ်လျန်ရဲ့လုပ်ဖော်ကိုင်ဖက်လည်းဖြစ်ပါတယ်။ အဲဒီဆရာဝန်ကတော့ ဖေဖော်ဝါရီ (၇) ရက်နေ့က ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသွားခဲ့ပါပြီ။ ဒေါက်တာရီနဲ့ ဒေါက်တာဝူတို့ အနက်ရောင်အသားရေနဲ့ဆေးရုံကုတင်မှာ လဲလျောင်းနေတဲ့ဗီဒီယိုကို ဧပြီလ ၆ ရက်နေ့က Beijing TV Station က ထွက်ရှိပေးခဲ့တာပါ။
မေလ (၉) ရက်နေ့မှာတော့ အရင်ကထက် ပိုကြည့်ကောင်းနေတဲ့ ဒေါက်တာရီရဲ့ပုံကို ရိုက်မိထားခဲ့ပါတယ်။ အနက်ရောင်သမ်းနေတဲ့သူ့ရဲ့အသားရေက အရင်လိုမဟုတ်တော့ဘဲ တဖြည်းဖြည်းချင်း ပုံမှန်အတိုင်းပြန်ဖြစ်နေတဲ့ကို တွေ့မြင်ရပါတယ်။ ဒေါက်တာရီကို ဆရာဝန်တွေက (၃၉) ရက်လောက်ကို အသက်ရှုစက်နဲ့ ထားရှိပြီးတဲ့နောက်မှာ ကျန်းမာရေးအခြေအနေတိုးတက်ကောင်းမွန်လာခဲ့ပါတယ်။ ဧပြီလ ၂၀ ရက်နေ့ကတော့ သူဟာ ကျန်းမာရေးကောင်းမွန်လာပေမဲ့ အရင်လို လမ်းလျှောက်လို့မရသေးကြောင်းနဲ့ အိပ်မက်ဆိုးတွေမက်နေတုန်းဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ဒေါက်တာရီက ဆေးရုံကနေတောင် ဆင်းခွင့်ရပါပြီ။
ဒေါက်တာဝူက ဒေါက်တာရီထက် အခြေအနေပိုးဆိုးရွားတဲ့အတွက် (၉၉) ရက်လောက် အသက်ရှုစက်နဲ့ထား ခဲ့ရပြီး ဆေးရုံမှာ ပြန်လာသက်သာလာနေပါပြီ။ သူ့ကို ကုသပေးနေတဲ့ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက သူ့ကျန်းမာရေးဟာ အားနည်းနေတယ်လို့ ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့သူတွေက အဓိကအင်္ဂါအစိတ်ပိုင်းတွေပျက်စီးနိုင်တယ်လို့ သုတေသီတွေကလည်း သတိပေးထားပါတယ်။ COVID-19 က အသက်ရှုလမ်းကြောင်းဆိုင်ရာကစဉ်ကလျားဖြစ်တာတင်မဟုတ်တဲ့အတွက် နှလုံး၊ အသည်း၊ ကျောက်ကပ်၊ ဦး နှောက်၊ ဂလန့်စ်စနစ်နဲ့ သွေးစနစ်တွေပေါ်သက်ရောက်မှုရှိနိုင်တယ်လို့သိရပါတယ်။




Ref ; Yoyarlay






0 comments:
Post a Comment