
မော်လမြိုင် အမှတ်(၁)စျေး ကြက်ပျံမကျဈေး စည်လွန်းလို့ အောက်လမ်းမကြီးတလျှောက် လမ်းပိတ်ဆို့မှုပါ ဖြစ်တယ်။ အရင်ကထက်တောင် ပိုစည်ကားနေတာ။ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ဘူးပေါ့။ဖြစ်ခဲ့ရင်တော့ တစျေးလုံးမဟုတ်ဘူး။ တမြို့လုံးပဲ။
စျေးကို သတ်မှတ်စည်းကမ်းသတ်မှတ်ချက် သတ်မှတ်ဆိုင်ခန်းတွေပဲ ဖွင့်ဖို့ စျေးကော်မတီဝင်တွေ စျေးခေါင်းတွေ ကြိုးစားခဲ့ပေမဲ့ဒီပုံစံအတိုင်း ဆက်သွားနေရင်တော့ အဆင်မပြေဘူးထင်တယ်။
ဟုတ်လဲဟုတ်တာပါပဲလေ။ နင့်ဆိုင်ဖွင့်ရင် ငါ့ဆိုင်လဲ ဖွင့်မှာပဲ … ငါ့ဆိုင်ဖွင့်ရင် နင်ဆိုင်လဲ ဖွင့်ဆိုတဲ့ လူတွေကြီးပဲဆိုတော့ ဘယ်တတ်နိုင်မလဲ။စားဝတ်နေရေး စီးပွားရေးကလဲ အရေးကြီးတာကိုး …
အစိုးရအဖွဲ့ကလည်း တိကျသေချာတဲ့ ညွှန်ကြားချက်နဲ့တ်ကျသေချာတဲ့ စစ်ဆေး အရေးယူမှုတွေ မရှိတော့လဲဂျာအေး သူ့အမေရိုက် နေလျှက် ဆက်ဖြစ်နေဦးမှာပါပဲ။




Source - Zin Moe






0 comments:
Post a Comment