Saturday, May 23, 2020

ယနေ့နံနက်ပိုင်းတွင် ချင်းပြည်နယ်မှ မလေးရှားပြန် COVID-19 အတည်ပြုလူနာ ၂ ဦးထပ်တိုးပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူ (၂၀၁) ဦးအထိမြင့်တက်လာ

၁။ (၂၂-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဒုတိယအသုတ်အဖြစ် (၂၃-၅-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်းတွင် စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၃၇၄) ခုတွင် -
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂) ဦးတွေ့ရှိခဲ့ပါသည်။
၂။ (၂၃-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂၀၁) ဦးရှိပါသည်။
၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များတွင် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၁၆) ဦးရှိပါသည်။
၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။
၅။ (၂၂-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဓာတ်ခွဲနမူနာ (၅၆၁)ခု၊ ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ (၁၇၉) ခု၊ စုစုပေါင်း (၇၄၀)ခု အားစစ်ဆေးခဲ့ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

0 comments:

Post a Comment