Saturday, May 23, 2020

ရွှေမြန်မာတို့ရဲ့ ပထမဆုံး မြန်မာသံရုံးနှင့်ထိုင်းအာဏာပိုင်များ၏ခွင့်ပြုချက်အရ တရားဝင် အိမ်ပြန်ခရီးစဉ်စတင်

မေလ ၂၂ ရက်နေ့ည ထိုင်းနိုင်ငံဘန်ကောက်မြို့ ကျတူးကျတ်စီရင်စုရပ် အမှတ် ၂ / ကမ်ဖဲဖစ်လမ်းမကြီးဘေးက မော်ချစ်အဝေးပြေးကားဂိတ်ကြီးတွင် ရွှေ့ပြောင်းမြန်မာအလုပ်သမား ၂၁၀ ဦးဟာ မြန်မာသံရုံးနှင့်ထိုင်းအာဏာပိုင်များတို့ပူးပေါင်းအစီစဉ်ဖြင့် မဲဆောက် - မြဝတီနယ်စပ်ဂိတ်သို့ပြန်လည်ဝင်ရောက်နိုင်ရန် ဘတ်စ်ကား ၁၂ စီးကို စနစ်တကျအမည်စာရင်းတိုက်ဆိုင်စစ်ဆေး၍ ည ၂၂:၀၀ ချိန်တွင် မော်တော်ယာဉ် (၆) စီး ၊ ၂၃:၀၀ ချိန်တွင် ( ၆ ) စီးထွက်ခွာသွားပါပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါဘတ်စ်ကားများပေါ်တွင်သတ်မှတ်ထားသည့်ခရီးသည် ၂၁ ယောက်သာထိုင်ခွင့်ပြုထားပြီး လက်ဆွဲအိပ်အလေးချိန်ကီလို ၂၀ သာသယ်ဆောင်ခွင့်ပြုထားကြသည်ဟုသိရ်ှရ ။
Source - Si Thu Maung

0 comments:

Post a Comment