Thursday, May 21, 2020

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီး၍ ကျင်းပပြုလုပ်သည့် COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြား လိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး သတ္တမအကြိမ်ညှိနှိုင်းအစည်းအဝေးမှ ကောက်နုတ်ချက်များ

၁။ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူ ၁၉၉ ဦး၊ ပြန်လည်ကောင်းမွန်လာသူ ၁၀၈ ဦး၊ သေဆုံးသူ ၆ ဦးရှိပြီဖြစ်။
၂။ ကမ္ဘာတစ်ဝန်းရှိ ၂၁၅ နိုင်ငံတွင် ရောဂါပိုးတွေ့ရှိသူ ၅ သန်း ၇ သောင်းကျော်၊ သေဆုံးသူ ၃ သိန်း ၂ သောင်း ကျော်နှင့် ရောဂါပျောက်ကင်းခဲ့သူ ၂ သန်း ၆ ထောင်ကျော်ရှိပြီဖြစ်။
၃။ တပ်မတော်အနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေး အတွက် ပြည်သူများအတွက်သာမက UWSA (ဝ)အဖွဲ့၊ KIO/KIA နှင့် ရခိုင်ဒေသတွင်လည်း ဆောင်ရွက်ပေးရမည်ဖြစ်။
၄။ တပ်မတော်ဆေးရုံ၊ ဆေးတပ်ရင်းများတွင် မေ ၂၀ ရက်အထိ Rapid Test Kit ဖြင့် ၃၀၂၇ ဦး၊ PCR နည်းဖြင့် ၃၆၄ ဦး၊ Cobas 6800 နည်းဖြင့် ၇၅၄ ဦးစစ်ဆေးပေးနိုင်ခဲ့ပြီဖြစ်။
၅။ တပ်မတော်သား ၁ ဦး၌ ရောဂါပိုးတွေ့ရှိခဲ့ပြီး လိုအပ်သော ကုသမှုများပြုလုပ်ပေးခဲ့ရာ ထပ်မံစစ်ဆေးမှုများအရ Negative ဖြစ်။
၆။ တပ်မတော်သားများ၊ အရပ်သားအစားခန့်ဝန်ထမ်းများ၏ လုပ်ခလစာငွေများမှ လှူဒါန်းရရှိမှုအနေဖြင့် ဧပြီလတွင် ငွေကျပ် ၂ ဒသမ ၃၁၆ ဘီလီယံကျော်နှင့် မေလတွင် ငွေကျပ် ၂ ဒသမ ၁၅၉ ဘီလီယံကျော်ရရှိခဲ့။
၇။ တစ်နိုင်ငံလုံးရှိ ဆေးရုံပေါင်း ၁၁၆၈ ရုံအနက် ၁၀၆၀ ရုံလှူဒါန်းပြီးဖြစ်၍ ဆေးရုံအားလုံး၏ ၉၉ ရာခိုင်နှုန်း၊ ကျေးလက် ကျန်းမာရေးဌာန ၁၉၄၉ ဌာနအနက် လှူဒါန်းပြီး ၁၀၈၈ ဌာနဖြစ်သည့်အတွက် ကျေးလက် ကျန်းမာရေးဌာနအားလုံး၏ ၅၆ ရာခိုင်နှုန်းအား လှူဒါန်းပြီးဖြစ်။
၈။ ကျောင်းပိတ်ရက်ကာလတွင် လောကနီတိ အခြေခံဖြစ်သော ၃၈ ဖြာ မင်္ဂလာကဲ့သို့ ယဉ်ကျေးလိမ္မာသင်ခန်းစာများအား သင်ကြားပေးခြင်းဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချရန်လို။
၉။ COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနိုင်ရန်အတွက် ရောဂါပိုးတွေ့ရှိမှု အများဆုံးမြို့နယ်များရှိ တပ်ရင်း၊ တပ်ဖွဲ့များကို ဦးစားပေးစစ်ဆေးရမည်ဖြစ်။
၁၀။ ရှမ်းတောင်ဒေသရှိ အာလူး၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်စသည့် ရောင်းချရန်အခက်အခဲရှိသည့် ရာသီသီးနှံများအား တောင်သူများရောင်းချနိုင်သည့် ဈေးနှုန်းအတိုင်း ဝယ်ယူ ဆောင်ရွက်ခဲ့ပြီး တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များနှင့် ရာသီသီးနှံရှားပါးနေ သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နယ်မြေဒေသများရှိ ပြည်သူလူထုထံသို့ ဖြန့်ဝေရောင်းချပေးနိုင်ပြီးဖြစ်။
၁၁။ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ အတွက် ဆွမ်းဆန်နှင့် ဆွမ်းဟင်းများ စီမံလှူဒါန်းကြရန်ဖြစ်။
၁၂။ COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာ့စီးပွားရေးထိခိုက်သကဲ့သို့ မိမိတို့တိုင်းပြည်၏ စွမ်းအား၊ ပြည်သူ၏စွမ်းအားနှင့် စွမ်းဆောင်မှုများ၊ စီးပွားရေး၊ လူမှုရေး ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေသဖြင့် အစစအရာရာ သတိထား၍ဆောင်ရွက်ကြရမည်ဖြစ်။
Source : cincds
Crd : BG Kyaw OO #Myanmar_Online_News

0 comments:

Post a Comment