Thursday, May 21, 2020

မေလ ၂၁ ရက်နေ့အတွက် ဒုတိယအသုတ် ဆေးစစ်ချက်အဖြေများအရ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိရသော COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (၂၁-၅-၂၀၂၀) ရက်နေ့အတွက် ဒုတိယအသုတ်ဓာတ်ခွဲနမူနာ (၂၇၉) ခု ကို (၂၂-၅-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ရာ -
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိရပါ။
၂။ (၂၂-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁၉၉) ဦး ရှိပါသည်။
၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ် ဆက်တိုက် ရောဂါပိုးမတွေ့ရှိသူ စုစုပေါင်း (၁၀၈)ဦး ရှိပါသည်။
၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆) ဦး ရှိပါသည်။
၅။ (၂၁-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများကို ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၁၆၀) ခုနှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၄၆၇) ခု၊ စုစုပေါင်း (၆၂၇) ခုတို့ကို စစ်ဆေးပြီးခဲ့ပါသည်။
Source : Ministry of Health and Sports, Myanmar #Myanmar_Online_News

0 comments:

Post a Comment