Thursday, May 21, 2020

ရွှေဘိုမြို့ရှိ KBZ ဘဏ်ခွဲ ၁မှ ကျပ်တစ်သောင်းအုပ်တွင် တစ်ထောင်တန်များ အစားထိုးထည့်ထားပြီး သိန်း ၅၀၀၀ နီးပါး အလွဲသုံးစားလုပ်သည့် ဘဏ်ဝန်ထမ်းကိုဖမ်းဆီး

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ရှိ KBZ ဘဏ်ခွဲ ၁ မှဝန်ထမ်းတစ်ဦးဟာ ကျပ်တစ်သောင်းတန်အုပ်တွေမှာ တစ်ထောင်တန်တွေ အစားထိုးထည့်ပြီး ငွေကျပ်သိန်းပေါင်း (၄၈၅၁) သိန်းကို အခုလို အလွဲသုံးစားလုပ်လို့ သက်ဆိုင်ရာပုဒ်မ အသီးသီးနဲ့ ဖမ်းဆီးခဲ့ရခြင်းဖြစ်ကြောင်း ရွှေဘိုမြို့မရဲစခန်းတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ဖြစ်စဉ်ကတော့ မေ ၁၉ ရက် ညနေ ၃နာရီခန့်က ဘဏ်ကို ငွေလာထုတ်ယူသူတစ်ဦးက ငွေရေတွက်စစ်ဆေးတဲ့အချိန် ကျပ်တစ်သောင်းအုပ်တစ်အုပ်မှာ တစ်သောင်းကျပ်တန်နှစ်ရွက်ကို အပေါ်နဲ့ အောက် တစ်ရွက်စီ ညှပ်ထားပြီး ကျန်တဲ့(၉၈)ရွက်ကို တစ်ထောင်ကျပ်တန်တွေနဲ့ အစားထိုးထည့်ထားတာတွေ့ရှိရလို့ ဘဏ်တာဝန်ရှိသူအား အကြောင်းကြားခဲ့လို့ သိရှိခဲ့ရတာဖြစ်သည်။
ဘဏ်တာဝန်ရှိသူတွေက ငွေထုတ်ကောင်တာနဲ့ ငွေသိုလှောင်ခန်းအတွင်း ဝင်ရောက်စစ်ဆေးခဲ့ရာ ငွေထုတ်ကောင်တာမှာ အစားထိုးလဲလှယ်ထားတဲ့ တစ်သောင်းတန်အုပ် သိန်း (၁၀၀) စည်း (၁၅) ထုပ် နဲ့ ငွေသိုလှောင်ခန်းမှာ အစားထိုးလဲလှယ်ထားတဲ့ တစ်သောင်းတန်အုပ် သိန်း (၁၀၀) စည်း (၄၀)ထုပ်ကို တွေ့ရှိခဲ့ရကြောင်း အဆိုပါ တစ်သောင်းတန်အုပ်တွေဟာ စုစုပေါင်း ငွေသိန်း (၅၅၀၀)ကျပ်ရှိရမှာ ဖြစ်ပေမယ့် ငွေ (၆၄၉) သိန်းကျပ်သာရှိပြီး စုစုပေါင်းငွေသိန်းပေါင်း (၄၈၅၁) ကွာဟနေတာကို တွေ့ရှိရလို့ ဘဏ်တာဝန်ရှိသူက ရွှေဘိုမြို့မရဲစခန်းမှာ မေ ၂၀ ရက် ညပိုင်းက အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ကြောင်း သိရှိရသည်။
ပြစ်မူကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးရမိတဲ့ အခါမှာ လောင်းကစားလုပ်မိခဲ့တာလို့ ဖြောင့်ချက်ပေးကြောင်း ရွှေဘိုမြို့မရဲစခန်းထံမှ သိရပြီးရွှေဘိုမြို့မရဲစခန်းက အဲဒီဘဏ်ဝန်ထမ်းကို (ပ)၃၁၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၄၀၈ နဲ့ (ပ)၃၁၉/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၀၉ တို့နဲ့ အမှုဖွင့်ထားပြီး တရားရုံးချုပ်ရီမန်ရယူကာ ရွှေဘိုအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရပါသည်။
Crd : One News Myanmar

0 comments:

Post a Comment