Saturday, May 23, 2020

မန်းတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ပြန်လည်ရောက်ရှိပြီး Home Quarantine ယူနေ

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင် ထိုင်းတွင် ဆေးကုသမှုပြီးဆုံး၍ ပြန်လည် ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်း၏ဇနီးဖြစ်သူ ဒေါ်ယုယု မေက မေ ၂၂ ရက်တွင် သူမ၏လူမှု ကွန်ရက်စာမျက်နှာမှ တစ်ဆင့်အသိပေး ရေးသားထားသည်။
ကျန်းမာရေးမကောင်းသောကြောင့် ထိုင်းနိုင်ငံသို့ သွားရောက်ကာ ဆေးကုသမှုခံယူနေရသော မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်မှာ မေ ၂၁ ရက် မွန်းလွဲ ၃ နာရီက မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်းသိရသည်။
'မြန်မာပြည် မန္တလေးမြေကြီးကို ကျန်းမာစွာနဲ့ မေ ၂၁ ရက် မွန်းလွဲ ၃ နာရီမှာ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ မေတ္တာစေတနာထားကြသူများအားလုံးကို ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်။ သူ တိုင်းပြည်အတွက် အလုပ်လုပ်ပေးချင်ပါသေးတယ်။ နိုင်သမျှဝန် ထမ်းပေးချင်ပါသေးတယ်တဲ့။ လုပ်စရာတွေရှိသေးတယ်ဆိုတဲ့ စိတ်နဲ့အားတင်းရင်း အစ်မ၏အားပေးမှုနဲ့အတူ ပြည်သူ့မေတ္တာနဲ့ ပြန်လည်ရှင်သန်လာခဲ့ပါတယ်'ဟု ဒေါ်ယုယုမေက သူမ၏ လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့်ရေးသားထားသည်။
'ကုသမှုအောင်မြင်ပါတယ်။ နောက်ခြောက်လမှ ထပ်ချိန်းပါတယ်။ ဆေးစစ်မှု တွေလုပ်ပြီး အသက်ဉာဏ်စောင့်ကာနေရင်း အလုပ်တွေလုပ်သွားမှာပါ။ ဆေးကုနေရင်းလည်း အဝေးမှနေ၍စဉ် ဆက်မပြတ်ဆက်သွယ်ကာ အလုပ်လုပ်ခဲ့ပါတယ်။ ဆောင်းပါးတွေ အညာသားအမည်နဲ့ရေးပါတယ်။ ပါမောက္ခချုပ်ဆရာတော်ဘုရား တရားတော်များ နာကြားပါတယ်။ Internet မှစာများ ရှာဖွေလေ့လာပါတယ်။ အစားအစာလေးတွေ ရှာဖွေပြီး လုပ်စားဖြစ်ကြပါတယ်။ COVID ကာလဖြစ်တဲ့အတွက် ဆေးရုံနဲ့ Appartment အခန်းကလွဲလို့ ဘယ်မှမသွားဖြစ်ကြပါ။ စိန်ခေါ်မှုများကို တစ်ရက်ချင်း၊ တစ်ရက်ပြီး တစ်ရက်ကျော်ဖြတ်ခဲ့ကြပါတယ်။ အားလုံး၏မေတ္တာနှင့် ကျွန်မတို့ ကျော်ဖြတ်နိုင်ခဲ့ကြပါပြီ။ ယခု Home Quarantine ယူနေပြီး covid swab PCR test လုပ်ပြီးရင် New Normal ပုံစံနဲ့ အားလုံးနဲ့အတူ ကျော်လွှားကြရဦးမှာပါ'ဟု ဒေါ်ယုယုမေက ဆက်လက် ရေးသားထားသည်။
သွေးကင်ဆာရောဂါ ခံစားနေရသည့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် ယမန်နှစ် အောက်တိုဘာလကုန်ပိုင်းက စတင်ကာ ထိုင်းနိုင်ငံသို့ မကြာခဏဆေးကုသမှု သွားရောက်ခံယူနေရပြီး နောက်ဆုံးအကြိမ်အဖြစ် ယခုနှစ်မတ်လအတွင်းက ထိုင်းနိုင်ငံသို့သွားရောက်ကာ ဆေးကုသမှုခံယူနေခြင်းဖြစ်ပြီး လက်ရှိတွင် Home Quarantine ယူနေပြီးဖြစ်ကြောင်း သိရသည်။
crd-The Standard Time Daily #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment