Saturday, May 23, 2020

Yangon Water Bus ပိုင်ရှင်ဒေါ်တင့်တင့်လွင်အား စီးပွားရေးလုပ်ငန်းရှင်အချို့ တရားစွဲထား

Yangon Water Bus ပိုင်ရှင်ဒေါ်တင့်တင့်လွင်ကို ကမ္ဘောဇဘဏ်အပါအဝင် စီးပွားရေးလုပ်ငန်းရှင်အချို့က ရန်ကုန်တိုင်းတရားလွှတ်တော်တွင် တရားစွဲဆိုထားကြောင်းသိရသည်။
Yangon Water Bus ပြေးဆွဲရေးအတွက်ချေးငွေရယူထားမှုအပေါ် ပြန်မဆပ်မှု၊ ယုံကြည်အပ်နှံထားသော ငွေကြေးရယူလိုမှုများဖြင့်ဖြစ်သည်ဟုသိရကာ စာရွက်စာတမ်းအချို့နှင့် ခိုင်မာသောသတင်းရင်းမြစ်အရ ငွေကြေးပမာဏမှာ ငွေကျပ်သိန်းပေါင်း ၁ သိန်းကျော်ထိရှိကြောင်း သိရသည်။
ကမ္ဘောဇဘဏ်ထံသို့ Yangon Water Bus ပိုင်ရှင်ဒေါ်တင့်တင့်လွင်အား တရားစွဲဆိုထားခြင်းနှင့်ပတ်သက်ပြီးမေးမြန်းရာ ကမ္ဘောဇဘဏ်၏ တာဝန်ရှိသူတစ်ဦးမှ အီးမေးလ်ဖြင့် “မြန်မာနိုင်ငံတော် ငွေရေးကြေးရေး အဖွဲ့ အစည်းများ ဥပဒေအရ ကမ္ဘောဇဘဏ်အနေဖြင့် လူပုဂ္ဂိုလ်တစ်ဦး၏ အချက်အလက်ဖြစ်စေ၊ အဖွဲ့ အစည်းနှင့် သက်ဆိုင်သော အချက်အလက်ဖြစ်စေ ထုတ်ဖော်ပြောကြားမည် မဟုတ်ပါ။ စီးပွားရေးလုပ်ငန်းတစ်ခု၏ ပုံမှန် လုပ်ထုံးလုပ်နည်းအရ တာဝန်ဝတ္တရား ပျက်ကွက်သည့် ချေးငွေရယူထားသူများအား အရေးယူနိုင်ရန် ဘဏ်မှ အခါအားလျော်စွာ ပြုလုပ်သည့် ပုံမှန်လုပ်ငန်းစဉ်တစ်ခုသာ ဖြစ်ပါသည်”ဟု ပြန်လည်ဖြေကြားပြီး၊ ဒေါ်တင့်တင့်လွင်အား တရားစွဲသည့်အပေါ် မဟုတ်မှန်ကြောင်း ငြင်းဆိုခြင်းမပြုခဲ့ပေ။ ထို့အပြင် ကမ္ဘောဇဘဏ်က ချေးငွေပမာဏအားလည်း ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိခဲ့ပေ။
ဒေါ်တင့်တင့်လွင် ထံသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ပြန်လည်ဆက်သွယ်မည်ဟုသာ အကြောင်းပြန်ခဲ့ပြီး တရားစွဲခံထားရသည့်အပေါ် မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။ လက်ရှိတွင် Yangon Water Bus ရေယာဉ်လိုင်းပြေးဆွဲနေသော ဗောတံတားများကိုလည်း စနစ်တကျပြန်လည်အပ်နှံရန် ဆိပ်ကမ်းအာဏာပိုင်က ညွှန်ကြားထားကြောင်းလည်း သိရသည်။
Ref-Myanmar Harp #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment