
မေလ(၁၃) ရက်နေ့ညနေ၊ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်နှင့် သီတဂူကမ္ဘာဗုဒ္ဓတက္ကသိုလ် တို့မှာ ပထမအသုပ် ၂၁ ရက်တာ Quarantine ပြီးဆုံးသဖြင့် နှုတ်ဆက်ပွဲ အခမ်းအနားကို သီတဂူအပြည်ပြည်ဆိုင်ရာဝိပဿနာတက္ကသိုလ် ဓမ္မာရုံကြီးမှာ ကျင်းပသည်။
အိန္ဒိယပြန် ရဟန်းတော်များက ကျေးဇူးရှင်သီတဂူဆရာတော်ကြီးအား ကန်တော့ကြသည်။ ဆရာတော်ကြီးက သြဝါဒ ဝမ်းမြှောက်ကြောင်းစကား ပြောကြားသည်။
Quarantine ဝင် ရဟန်းတော်များက ၂၁ ရက်တာ နေခဲ့ရတဲ့ အတွေ့ကြုံ ဆရာတော်ကြီး၏ ကျေးဇူးကြီးမားပုံများကို လျှောက်တင်ကြသည်။
ဆရာတော်ကြီးနှင့် သီတဂူ ဒကာဒကာမများက တပါးလျင် ၂သိန်းကျပ်နှင့် အမေရိကန်ဒေါ်လာ ၂၅၀ စီ၊ သင်္ကန်းစသည်တို့ကို လည်း လှူဒါန်းပါသည်။
မနက်ဖန် မနက် ဒေသအသီးသီးသို့ ကားများဖြင့် ပို့ဆောင်မည်။ ဒုတိယသုပ်အဖြစ် သီရိလင်္ကာနှင့် အိန္ဒိယတို့မှ ရဟန်းတော်များကို ဆက်လက်ပြီး Quarantines ဝင်ကြမည်။
သီရိလင်္ကာ အဖွဲ့ မေလ ၁၆ရက်အိန္ဒိယအဖွဲ့ မေလ ၂၆ ရက်နေ့ စတင်ဝင်ရန် သက်မှတ်ထားပါသည်။








Source - သီတဂူစတား






0 comments:
Post a Comment