Tuesday, May 19, 2020

ဉရောပသမဂ္ဂမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ လုပ်ဆောင်ချက်များကိုထောက်ခံ၍ Trump ၏ခြိမ်းခြောက်မှုများကို ပယ်ချခဲ့


Image may contain: one or more people, sky and outdoor
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အား ငွေကြေးဆိုင်ရာထောက်ပံ့မှုအား အမြဲတမ်း ဖြတ်တောက်ရန်နှင့် နောက်ဆုံးတွင်အမေရိကန်ပြည်ထောင်စုအား ထို့အဖွဲ့မှထွက်ခွာ ရန်စသည့် အမေရိကန်သမ္မတ Trump ၏ ခြိမ်းခြောက်နေမှုများကို ဉရောပသမဂ္ဂမှ မေလ ၁၉ ရက်နေ့တွင် ပြစ်တင်ဝေဖန်ခဲ့ပါသည်။
သမ္မတ Trump သည် မေလ ၁၈ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ဒါရိုက်တာ Tedros Adhanom Ghebreyesus အားလိပ်မှု၍ ခြိမ်းခြောက်သည့်စာကို ၎င်း၏ Twitter ပေါ်တွင် ရေးသားဖော်ပြခဲ့ပါသည်။

နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ Trump ၏ခြိမ်းခြောက်မှုနှင့်ပတ်သက်၍မေးမြန်း သောမေးခွန်းတစ်ခုကို EU အလုပ်အမှုဆောင်အဖွဲ့၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ အဆိုပါ အဖွဲ့အစည်းအား အကျပ်အတည်းကာလအတွင်း နိုင်ငံတကာမှပူးပေါင်းဆောင်ရွက်မှုများအပါအဝင် ဘက်ပေါင်စုံမှဖြေရှင်းမည့်နည်းလမ်းများဖြင့် ထောက်ပံ့ကူညီသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

“ယခုအချိန်သည် စည်းလုံးညီညွှတ်မှုရှိရမည့်အချိန်ဖြစ်ပါသည်။” ဘက်ပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်နေမှုများကို လျော့ကျသွားစေရန် သို့မဟုတ် လက်ညှိုးထိုးရန် အချိန်မဟုတ်ကြောင်း ပြောရေးဆိုခွင့်ရှိသူမှ ပြောကြားခဲ့ပါသည်။

ဉရောပသမဂ္ဂအနေဖြင့် WHO ၏ COVID – 19 ဖြစ်ပွားမှုကို ထိန်းချုပ်ရန်နှင့် လျှော့ချရန်ကြိုးပမ်းနေမှုကိုထောက်ခံခဲ့ပြီး အဆိုပါကြိုးပမ်းနေမှုများ ပြုလုပ်နိုင်ရန် အတွက် နောက်ထပ်ရန်ပုံငွေများထောက်ပံ့ထားပြီးဖြစ်ကြောင်းကိုလည်း သူမမှပြောကြား ခဲ့ပါသည်။ ဘက်ပေါင်းစုံမှနေ၍ ကြိုးစားအားထုတ်မှုများမှတဆင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် စည်းလုံးညီညွှတ်ခြင်းတို့သည် အဆိုပါစစ်ပွဲကို အောင်နိုင်ရန်အတွက် အလားအလားရှိသောရွေးချယ်မှုတစ်ခုဖြစ်ပြီး ထိရောက်မှုတစ်ခုဖြစ်လာမည် ဖြစ်ကြောင်း ၎င်းမှပြောကြားခဲ့ပါသည်။

>>zawgyi<<

ဉရောပသမဂ္ဂမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ လုပ်ဆောင်ချက်များကိုထောက်ခံ၍ Trump ၏ခြိမ်းခြောက်မှုများကို ပယ်ချခဲ့
Wednesday, May 20, 2020

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အား ငွေကြေးဆိုင်ရာထောက်ပံ့မှုအား အမြဲတမ်း ဖြတ်တောက်ရန်နှင့် နောက်ဆုံးတွင်အမေရိကန်ပြည်ေထာင်စုအား ထို့အဖွဲ့မှထွက်ခွာ ရန်စသည့် အမေရိကန်သမ္မတ Trump ၏ ခြိမ်းခြောက်နေမှုများကို ဉရောပသမဂ္ဂမှ မေလ ၁၉ ရက်နေ့တွင် ပြစ်တင်ဝေဖန်ခဲ့ပါသည်။

သမ္မတ Trump သည် မေလ ၁၈ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ဒါရိုက်တာ Tedros Adhanom Ghebreyesus အားလိပ်မှု၍ ခြိမ်းခြောက်သည့်စာကို ၎င်း၏ Twitter ပေါ်တွင် ရေးသားဖော်ပြခဲ့ပါသည်။

နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ Trump ၏ခြိမ်းခြောက်မှုနှင့်ပတ်သက်၍မေးမြန်း သောမေးခွန်းတစ်ခုကို EU အလုပ်အမှုဆောင်အဖွဲ့၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ အဆိုပါ အဖွဲ့အစည်းအား အကျပ်အတည်းကာလအတွင်း နိုင်ငံတကာမှပူးပေါင်းဆောင်ရွက်မှု များအပါအဝင် ဘက်ပေါင်စုံမှဖြေရှင်းမည့်နည်းလမ်းများဖြင့် ထောက်ပံ့ကူညီသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

“ယခုအချိန်သည် စည်းလုံးညီညွှတ်မှုရှိရမည့်အချိန်ဖြစ်ပါသည်။” ဘက်ပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်နေမှုများကို လျော့ကျသွားစေရန် သို့မဟုတ် လက်ညှိုးထိုးရန် အချိန်မဟုတ်ကြောင်း ပြောရေးဆိုခွင့်ရှိသူမှ ပြောကြားခဲ့ပါသည်။

ဉရောပသမဂ္ဂအနေဖြင့် WHO ၏ COVID – 19 ဖြစ်ပွားမှုကို ထိန်းချုပ်ရန်နှင့် လျှော့ချရန်ကြိုးပမ်းနေမှုကိုထောက်ခံခဲ့ပြီး အဆိုပါကြိုးပမ်းနေမှုများ ပြုလုပ်နိုင်ရန် အတွက် နောက်ထပ်ရန်ပုံငွေများထောက်ပံ့ထားပြီးဖြစ်ကြောင်းကိုလည်း သူမမှပြောကြား ခဲ့ပါသည်။ ဘက်ပေါင်းစုံမှနေ၍ ကြိုးစားအားထုတ်မှုများမှတဆင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် စည်းလုံးညီညွှတ်ခြင်းတို့သည် အဆိုပါစစ်ပွဲကို အောင်နိုင်ရန် အတွက် အလားအလားရှိသောရွေးချယ်မှုတစ်ခုဖြစ်ပြီး ထိရောက်မှုတစ်ခုဖြစ်လာမည် ဖြစ်ကြောင်း ၎င်းမှပြောကြားခဲ့ပါသည်။

0 comments:

Post a Comment