ရခိုင်ပြည်နယ်အတွင်း COVID-19ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များပိုမိုထိရောက် လျှင်မြန် စွာဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ်သိန်း(၆၀၀)ခန့်တန်ဖိုးရှိ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်း(၇)မျိုးကို ပြည်နယ်အစိုးရထံသို့ ကမ္ဘောဇဘဏ်က ယမန်နေ့က လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းရန် ပစ္စည်းများမှာ ရခိုင်ပြည်နယ်အတွက် COVID-19ကာကွယ်ရေးပစ္စည်း(၇)မျိုးဖြစ်သည့် ဆေးရုံသုံးနှာခေါင်း စည်း (၁၀၀,၀၀၀)၊ မျက်နှာအကာ(၂၀၀၀)၊ လက် အိတ်(၃၀၀)၊ ခေါင်းစွပ် (၂၀၀၀) ၊ မျက်မှန်(၂၀၀)၊နိုင်ငံတကာအဆင့်မီPPEဝတ်စုံ(၂၀၀)နှင့် အပူချိန်တိုင်းစက်(၁၀၀)စသည်တို့ ပါဝင်ကြောင်း သိရသည်။
ထို့ပြင်ဩဂုတ်လ(၂၄)ရက်ကလည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုထံသို့ ကမ္ဘောဇဘဏ်(ရခိုင်ပြည်နယ်တာဝန်ခံ)အထွေထွေမန်နေဂျာဦးစံမြကFacility Quarantine ဝင်ရောက်နေကြသည့် စောင့်ကြည့် လူနာများအနက်မှ နေ့စဉ်စားသောက်စရိတ်ခက်ခဲနေသောပြည်သူများအတွက် တစ်ဦးလျှင် တစ်ရက် အတွက်ငွေကျပ်(၃၀၀၀)နှုန်းဖြင့်အစားအသောက်များပံ့ပိုးပေးနိုင်ရန်အလှူငွေကျပ်သိန်း(၃၀၀)ကို ကြို တင်ပေးအပ်လှူဒါန်းခဲ့သေးကြောင်း သိရသည်။
ကမ္ဘောဇဘဏ် အနေဖြင့် ရခိုင်ပြည်နယ်အတွက်၂၀၁၅ခုနှစ်ရေကြီးရေလျှံမှုဖြစ်စဉ်မှမှ စတင်၍ ယနေ့ ကာလထိစုစုပေါင်းငွေကျပ်(၁၀)ဘီလီယံကျော်လှူဒါန်းခဲ့ကြောင်း၊ COVID-19 ရောဂါမဖြစ်ပွားမီ ဖေဖေါ်ဝါရီလ(၂၆)ရက်မှစတင်၍ ယနေ့အချိန်ထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များအတွက်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ငွေကျပ်(၆၀,၄၄၂)သိန်း၊သိန်းပေါင်း(ခြောက်သောင်းသုံးရာလေးဆယ့်နှစ်)သိန်းလှူဒါန်းထားရှိပြီးဖြစ်ကြောင်းနှင့် ကမ္ဘောဇဘဏ်အနေဖြင့် ဆက်လက်၍လည်း လိုအပ်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ပေးအပ်လှူဒါန်းသွားရန်စီစဉ်ထားရှိကြောင်းလည် သိရသည်။
>>zawgyi<<
ကမ္ဘောဇဘဏ်က လှူဒါန်းသည့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ Air KBZ ကယ်ဆယ်ရေးအထူးလေယာဉ်ဖြင့် စစ်တွေမြို့သို့ ရောက်ရှိ
Thursday, August 27, 2020
ရခိုင်ပြည်နယ်အတွင်း COVID-19ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များပိုမိုထိရောက် လျှင်မြန် စွာဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ်သိန်း(၆၀၀)ခန့်တန်ဖိုးရှိ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်း(၇)မျိုးကို ပြည်နယ်အစိုးရထံသို့ ကမ္ဘောဇဘဏ်က ယမန်နေ့က လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းရန် ပစ္စည်းများမှာ ရခိုင်ပြည်နယ်အတွက် COVID-19ကာကွယ်ရေးပစ္စည်း(၇)မျိုးဖြစ်သည့် ဆေးရုံသုံးနှာခေါင်း စည်း (၁၀၀,၀၀၀)၊ မျက်နှာအကာ(၂၀၀၀)၊ လက် အိတ်(၃၀၀)၊ ခေါင်းစွပ် (၂၀၀၀) ၊ မျက်မှန်(၂၀၀)၊နိုင်ငံတကာအဆင့်မီPPEဝတ်စုံ(၂၀၀)နှင့် အပူချိန်တိုင်းစက်(၁၀၀)စသည်တို့ ပါဝင်ကြောင်း သိရသည်။
ထို့ပြင်ဩဂုတ်လ(၂၄)ရက်ကလည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုထံသို့ ကမ္ဘောဇဘဏ်(ရခိုင်ပြည်နယ်တာဝန်ခံ)အထွေထွေမန်နေဂျာဦးစံမြကFacility Quarantine ဝင်ရောက်နေကြသည့် စောင့်ကြည့် လူနာများအနက်မှ နေ့စဉ်စားသောက်စရိတ်ခက်ခဲနေသောပြည်သူများအတွက် တစ်ဦးလျှင် တစ်ရက် အတွက်ငွေကျပ်(၃၀၀၀)နှုန်းဖြင့်အစားအသောက်များပံ့ပိုးပေးနိုင်ရန်အလှူငွေကျပ်သိန်း(၃၀၀)ကို ကြို တင်ပေးအပ်လှူဒါန်းခဲ့သေးကြောင်း သိရသည်။
ကမ္ဘောဇဘဏ် အနေဖြင့် ရခိုင်ပြည်နယ်အတွက်၂၀၁၅ခုနှစ်ရေကြီးရေလျှံမှုဖြစ်စဉ်မှမှ စတင်၍ ယနေ့ ကာလထိစုစုပေါင်းငွေကျပ်(၁၀)ဘီလီယံကျော်လှူဒါန်းခဲ့ကြောင်း၊ COVID-19 ရောဂါမဖြစ်ပွားမီ ဖေဖေါ်ဝါရီလ(၂၆)ရက်မှစတင်၍ ယနေ့အချိန်ထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များအတွက်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ငွေကျပ်(၆၀,၄၄၂)သိန်း၊သိန်းပေါင်း(ခြောက်သောင်းသုံးရာလေးဆယ့်နှစ်)သိန်းလှူဒါန်းထားရှိပြီးဖြစ်ကြောင်းနှင့် ကမ္ဘောဇဘဏ်အနေဖြင့် ဆက်လက်၍လည်း လိုအပ်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ပေးအပ်လှူဒါန်းသွားရန်စီစဉ်ထားရှိကြောင်းလည် သိရသည်။
0 comments:
Post a Comment