Monday, August 31, 2020

COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများအား တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို့ ကူညီပို့ဆောင်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဌာန၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဦးစီးဌာနနှင့် UEHRD အဖွဲ့တို့မှ COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ စားသောက်ဖွယ်ရာ များနှင့် အသုံးအဆောင်ပစ္စည်းများအား ယနေ့တွင် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ပို့ဆောင်ကြရာ တပ်မတော်မှ လေယာဉ်ဖြင့် ကူညီပို့ဆောင်ပေးသည်။
ထိုသို့ကူညီပို့ဆောင်ရာတွင် အဆိုပါလေယာဉ်ဖြင့် Personal Protective Equipment (PPE) ဝတ်စုံ ၁၈၆ အိတ်၊ Face Mask ၃၀ ထုပ်၊ ဖိနပ် ၈ အိတ်၊ လက်အိတ် ၂ ထုပ်၊ အဝတ်နှာခေါင်းစည်း ၁၀၇ ဖာ၊ ခေါက်ဆွဲခြောက် ၈၄ အိတ်၊ စောင်၊ ချည်ထောင် ၃၇ အိတ်၊ ခေါင်းအုံး ၅၀ အိတ်၊ ခေါင်းအုံးစွပ် ၁ အိတ်၊ မွေ့ယာ ၁၀၀ ခုနှင့် ရေသန့် ၃၅၀ ကတ်တို့ကို တင်ဆောင်လာပြီး စစ်တွေလေဆိပ်၌ သက်ဆိုင်ရာမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment