Monday, August 31, 2020

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး နှစ်ကြိမ်ထိုးရဖွယ်ရှိပြီး၊ အခက်အခဲအချို့ရှိလာနိုင်

ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေးဟာ ဈေးကွက်ထဲမှာ ထွက်ပေါ်လာတဲ့အခါမှာ တစ်ကြိမ်ထိုးရုံနဲ့ မလုံလောက်ဘဲ နှစ်ကြိမ်ထိုးရဖွယ်ရှိပြီး၊ အခက်အခဲအချို့လည်း ရှိလာနိုင်ပါတယ်။
ဒီထဲကမှ အခက်အခဲအချို့ကတော့ ကာကွယ်ဆေးတွေကို ထောက်ပံ့ပို့ဆောင်ရေးဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကာကွယ်ဆေးတွေကို ထောက်ပံ့ပို့ဆောင်ပေးရမှာဖြစ်လို့ ထောက်ပံ့ပို့ဆောင်ရေးတွေမှာ အခက်အခဲအချို့ရှိလာနိုင်ပါတယ်။ ကပ်ဘေးကာလတစ်လျှောက်လုံး စမ်းသပ်ရေးကိရိယာတွေနဲ့ ကာကွယ် ရေးပစ္စည်းတွေ လောက်ငှအောင်ထောက်ပံ့ပေးတဲ့နေရာမှာ အခက်အခဲတွေရှိခဲ့ပါတယ်။ ဒီလိုတွေ့ကြုံခဲ့ရတာတွေက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကာကွယ်ဆေးဖြန့်တဲ့အခါ အခက်အခဲတွေ့လာရနိုင်တဲ့သဘောဖြစ်ပါတယ်။
“ လူသားတွေရဲ့သမိုင်းမှာ အကြီးမားဆုံးနဲ့ အရှုပ်အထွေးဆုံး ကာကွယ်ဆေးအစီအစဉ်တစ်ခုဖြစ်တယ်ဆိုတာ သံသယရှိစရာမလိုပါဘူး” လို့ အမေရိကန်နိုင်ငံရှိ Vanderbilt တက္ကသိုလ်မှ ကျန်းမာရေးမူဝါဒဆိုင်ရာပရော်ဖက်ဆာ ဒေါက်တာ Kelly Moore က ပြောပါတယ်။
အမေရိကန်နိုင်ငံမှာ ၂၀၀၉ ခုနှစ်တုန်းက အားပြင်းတုပ်ကွေးသစ်တစ်မျိုးဖြစ်ခဲ့ဖူးပြီး၊ ဒီတုပ်ကွေးကာကွယ် ဆေး အတွက် အစီအစဉ်ချမှတ်ဆောင်ရွက်ခဲ့ရမှာ လများစွာအတွင်း အမေရိကန်နိုင်ငံသား (၁၆၁)သန်းကို ကာကွယ်ဆေးထိုးပေးနိုင်ခဲ့တယ်လို့ အမေရိကန်ရောဂါဘယထိန်းချုပ်ရေးနဲ့ ကာကွယ်ဆေးစင်တာက ထုတ်ပြန်ပေးပါတယ်။ဒီသဘောတရားက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအစီအစဉ်ဟာ ပိုပြီး ခက်ခဲလာနိုင်တယ်ဆိုတာကို ပြသနေတာဖြစ်ပါတယ်။ ဒါပေမယ့် မဖြစ်နိုင်ဘူးလို့တော့ ဆိုလိုတာမဟုတ်ပါဘူး။
“လုပ်နိုင်မယ်ဆိုတာ ယုံကြည်မှုရှိပါတယ်၊ ဒါပေမဲ့ အလုပ်ဖြစ်အောင် ပူးပေါင်းဆောင်ရွက်ရပါမယ်” လို့လည်း ဒေါက်တာ Moore က ပြောပါတယ်။
ကာကွယ်ဆေးဟာ အတွဲလိုက်ထုတ်ရမှာဖြစ်လို့ အမေရိကန်နိုင်ငံသား သန်း(၃၃၀)အတွက် ကာကွယ်ဆေးဟာ သန်း(၆၆၀)ထုတ်ရမယ့် သဘောဖြစ်ပါတယ်။
“ဆေးက နှစ်ကြိမ်ထိုးရဖွယ်ရှိပါတယ်၊ အဲဒီတော့ ဆေးပမဏာဟာ ဖြန့်ဖြူးရေးမှာ နှစ်ဆဖြစ်သွားပါမယ်၊ ဒါဟာ ကာကွယ်ဆေးထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရေးအတွက် များပြားတဲ့ ပမာဏဖြစ်ပါတယ်” လို့ လည်း Northeastern တက္ကသိုလ်မှ ပရော်ဖက်ဆာ Nada Sanders က ပြောပါတယ်။
ကာကွယ်ဆေးကို နှစ်ဆထုတ်ရရုံမကဘဲ အခြားပစ္စည်းတွေကိုလည်းနှစ်ဆထုတ်ရမှာပါ။ ဆေးထိုးပြွတ်တွေ၊ ဆေးထည့်မယ့် ဖန်ဘူးတွေ၊ ဘူးဆို့တွေ၊ ဆေးထိုးအပ်တွေ စတဲ့ အရာရာတိုင်းကိုလည်း နှစ်ဆထုတ်ရမှာ ဖြစ်တယ်လို့ Sanders က ဆက်လက်ရှင်းပြခဲ့ပါတယ်။
Ref ; One News Myanmar

0 comments:

Post a Comment