Saturday, August 29, 2020

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်တွင် အခြေခံစားသောက်ကုန် ဈေးနှုန်း နှစ်ဆခန့် မြင့်တက်

ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ ထိုင်းဘက်က တင်သွင်းတဲ့ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ နှစ်ဆလောက် မြင့်တက်နေတာကြောင့် ဒေသခံတွေ အခက်အခဲကြုံနေကြတယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ဒေသခံတွေစားသုံးဖို့ ကြက်၊ ဝက်၊ ငါးအပါအဝင် ဟင်းသီးဟင်းရွက်မျိုးစုံဖြစ်တဲ့ အခြေခံစားသောက်ကုန်အများစုကို ထိုင်းနိုင်ငံ မယ်ဆိုင်မြို့က တင်သွင်းရောင်းချနေရတာပါ။
ကိုဗစ်ကာလမှာ ထိုင်းနိုင်ငံဘက်ခြမ်းက တင်သွင်းရောင်းချနေတဲ့ အခြေခံစားသောက်ကုန်တွေကို အခွန်အခတွေ ပိုမိုတိုးမြှင့်ကောက်လာတဲ့အတွက် ကုန်ဈေးနှုန်း ၂ ဆလောက်တက်လာပြီး ဒေသခံတွေ အခက်အခဲကြုံတွေ့နေရတာပါ။
ဒီကိစ္စတွေကို ကုန်သည်လုပ်ငန်းရှင်တွေက သက်ဆိုင်ရာအာဏာပိုင်တွေကို တင်ပြတောင်းဆိုထားပေမဲ့ ထိုင်းနိုင်ငံက အခုအချိန်အထိ အကြောင်းပြန်ကြားပြီး အခွန်အခ လျှော့ချတာမရှိသေးဘူးလို့ တာချီလိတ်ကုန် သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးစိုင်းစိုင်းက ပြောပါတယ်။
ကိုဗစ်ကာလမှာ အခြေခံစားသောက်ကုန်တွေ ဈေးတက်တာနဲ့အတူ အလုပ်လက်မဲ့ ပြဿနာတွေလည်း တာချီလိတ်ဒေသခံတွေအများစု ကြုံတွေ့နေရတာပါ။ ကုန်ဈေးတက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းဘက်က အာ ဏာပိုင်တွေနဲ့ ဆွေးနွေးတာတွေရှိခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ပြန်လည်ညှိနှိုင်းပေးဖို့ ပြောသွားတယ်လို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောပါတယ်။
ဒေသတွင်း ကုန်ဈေးနှုန်းကြီးမြှင့်နေမှုကို ထိုင်းအစိုးရဘက်က ညှိုနှိုင်းဆောင်ရွက်ပေး နိုင်ခြင်းမရှိရင် လိုအပ်တဲ့ စားသောက်ကုန်တွေကို တောင်ကြီးဘက်က တင်သွင်းသွားဖို့ စီစဉ်သွားမယ်လို့ ဆိုပါတယ်။ အခြေခံစား သောက်ကုန်တွေကို တာချီလိတ်မြို့နယ်အတွင်းက ကျေးရွာတွေအပြင် မိုင်းဖြတ်၊ မိုင်းဆတ်မြို့နယ်တွေအပြင် ကျိုင်းတုံအထိပါ ထိုင်းနိုင်ငံကကနေ မှာယူတင်ပို့နေတာလို့ သိရပါတယ်။
Ref ; DVB

0 comments:

Post a Comment