Saturday, August 29, 2020

မူကြိုကျောင်းများတွင် ကလေးများကို ရိုက်နှက်အပြစ်ပေးပါက ထောင်ဒဏ်ကျခံရမည်

မူကြိုကျောင်းများတွင် တက်ရောက်နေသည့် ကလေးငယ်များကို ရိုက်နှက် အပြစ်ပေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာ နှိပ်ကွပ် အနိုင်ကျင့်ခြင်းများပြုလုပ်ပါက ထောင်ဒဏ် အထိကျခံရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဩဂုတ်လ ၂၇ ရက်နေ့တွင်ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်း အဝေးတွင် ပြောကြားသည်။
ကလေးသူငယ်များကို စိတ်ပိုင်း ဆိုင်ရာအကြမ်းဖက်ခြင်း၊ ရိုက်နှက်ပြစ်ဒဏ် ပေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာ နှိပ် ကွပ်အနိုင် ကျင့်ခြင်းများ ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခံရလျှင် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ဥပဒေပုဒ်မ (၁၀၃/က) အရ ထိုသူကို ရှစ်လမှ အများဆုံး ငါးနှစ် အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံးကျပ်ရှစ်သိန်းမှ အများဆုံးကျပ် ၁၆ သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံးကိုဖြစ်စေ ချ မှတ်ရမည်ဟုပါရှိကြောင်း ဝန်ကြီးဦးနိုင်ငံလင်းက ဆိုသည်။
၂၀၁၉ ခုနှစ်က ပြည်ထောင်စု လွှတ်တော်တွင် ပြဋ္ဌာန်းခဲ့သည့် ကလေး သူငယ် အခွင့်အရေးများဆိုင်ရာ ဥပ ဒေ ပြဋ္ဌာန်းချက်များကို ကိုးကား၍ ၎င်းက ပြောကြားခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မူကြိုကျောင်းအချို့တွင်ကလေးငယ်များကို ခွဲခြားဆက်ဆံခြင်း၊လက်လွတ် စပယ် ကိုယ်ထိလက်ရောက် အပြစ်ပေးခြင်းများ ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် မဲ ဆန္ဒနယ်မှ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်အစည်းအဝေးတွင် ပြောကြားသည်။
Ref ; The Voice Journal

0 comments:

Post a Comment