Monday, August 31, 2020

မြင်းခြံ မှ မန္တလေးသို့ ဖျားနာရောဂါဖြင့် လာကုသသော အမျိုးသားတွင် COVID ပိုးတွေ့

မြင်းခြံ မှ မန္တလေး ပြည်သူ့ဆေးရုံကြီး အရေးပေါ်နှင့်ပြင်ပလူနာဌာနသို့ သြဂုတ် ၃၁ ရက် ၈ နာရီခွဲအချိန်တွင် ဖျားနာရောဂါဖြင့် လာကုသသောအမျိုးသား၌ COVID ပိုးတွေ့ရှိခဲကြောင်း သိရသည် ။
အဆိုပါ COVID 19 ပိုးတွေ့ရှိခဲ့သောအမျိုး သား ဦးအောင်ကျော် ၄၇ နှစ် အမှတ် ၆ ရပ်ကွက် မြင်းခြံမြို့နေသူသည် ဩဂုတ်လ ၁၈ ရက်တွင် ရန်ကုန်မှတစ်ဆင့် မြင်းခြံနေ အိမ်သို့ ရောက်ရှိခဲ့ပြီး ဩ ၃၀ ရက်တွင် မြင်းခြံမှတစ်ဆင့် မဟာအောင်မြေမြို့နယ် ၅၄ လမ်းရှိ မင်္ဂလာဆေးရုံတွင် တက်ရောက်နေရာမှ သြဂုတ်လ ၃၁ ရက်နေ့ ၈နာရီခွဲအချိန်ခန့်တွင် မန္တလေးပြည်သူ့ဆေးရုံသို့ ရောက်ခဲ့သည် ။
COVID ပိုးတွေ့သော အမျိုးသားသည် ဖျားနာရောဂါဖြင့် ဆေးကုသမှုခံယူရန် ရောက်ရှိလာချိန် ၎င်းနာ၏ နှာ ခေါင်းအာခေါင် တို့ပတ်ကို နမူနာရယူကာ မန္တလေးအမျိုးသားကျန်းမာ ရေးဓါတ်ခွဲဌာန သို့ ပို့ဆောင်စစ်စေခဲ့ရာ COVID ပိုးတွေ့ရှိခဲ့သည် ။
" ဖျားပြီး ဆရာဝန်နဲ့ပြတယ် မသက်သာလို့ ၃၀ ရက်နေ့မှာ မန္တလေးလာပြီး မင်္ဂလာဆေးရုံကိုလာပြတယ်။အဲဒီဆေးရုံက ဆရာဝန်က စစ်ဆေးပြီး သံသယလူနာအဖြစ် ဆေးရုံကြီးကို အဲဒီနေ့မှာပဲ လွှဲတယ်။ Swab ယူစစ်တာမှာ ပိုးတွေ့တယ်။အခု ကန်တော်နဒီကိုပို့ပီး ဆေးဝါးကုသမှုပေးနေတယ် "ဟုမန္တလေးအထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါ်စုစုဒွေးကပြောသည် ။
လက်ရှိတွင် အဆိုပါလူနာကို မန္တလေးကန်တော်နဒီဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်းသိရသည် ။မြန်မာနိုင်ငံတွင် သြဂုတ်လ ၃၁ ရက် ည ၈ နာရီအချိန်အထိ Covid-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ ( ၈၈၂) ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထံမှသိရသည်။
Ref ; The Fifth Wave News

0 comments:

Post a Comment