Monday, August 31, 2020

ကမ္ဘောဇဘဏ် မောင်တောဘဏ်ခွဲမှ Work From Home တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းတွင် COVID-19 ရောဂါတွေ့ရှိ

ကမ္ဘောဇဘဏ် မောင်တောဘဏ်ခွဲတွင် Work From Home (နေအိမ်တွင် နေထိုင်၍ အလုပ်လုပ်စေခြင်း အစီအစဉ်ဖြင့်) တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတွင် COVID-19 ရောဂါတွေ့ရှိကြောင်း ကမ္ဘောဇဘဏ်က ယနေ့ညတွင် အသိပေးထုတ်ပြန်လိုက်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဩဂုတ် ၃၁ ရက်တွင် ထုတ်ပြန်သော COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုအဖြေအရ အဆိုပါ ကမ္ဘောဇဘဏ် ဝန်ထမ်းသည် ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဝန်ထမ်းသည် ကိုယ်ဝန်ဆောင် ဝန်ထမ်းဖြစ်သည့်အားလျော်စွာ"နေအိမ်တွင် နေထိုင်၍ အလုပ်လုပ်စေခြင်း" အစီအစဉ်အရ ဧပြီလအစပိုင်းကတည်းက နေအိမ်တွင်နေနေခြင်းဖြစ်သည့်အတွက် ကမ္ဘောဇဘဏ်၏ customer များနှင့်သာမက အခြားဝန်ထမ်းများနှင့်ပါ ထိတွေ့ဆက်စပ်ခဲ့ခြင်းမရှိကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် အဆိုပါ ဝန်ထမ်းသည် အောင်မြင်စွာမီးဖွားပြီး ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိသည့်အပြင် မွေးဖွားထားသော ကလေးတွင်လည်း COVID-19 ရောဂါပိုး ကင်းစင်ကြောင်း ထုတ်ပြန်ထားသည်။
Source - The Standard Time Daily

0 comments:

Post a Comment