Saturday, August 29, 2020

ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ ၁၂ ရက်အတွင်း လေကြောင်းခရီးဖြင့် လိုက်ပါခဲ့သူများအားလုံး ကျန်းမာရေးစစ်ဆေးမှုခံယူရန် လိုအပ်

ရခိုင်ပြည်နယ်မှရန်ကုန် သို့ သြဂုတ် ၁၀ရက်မှ ၂၁ ရက်အတွင်း လေကြောင်းခရီးဖြင့်လိုက်ပါခဲ့သူ ခရီးသည် ၅,၄၃၅ ဦးသည် နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများသို့ သတင်းပို့၍ ကျန်းမာရေးစစ်ဆေးမှုခံယူရန်နှင့် သတင်းပေးပို့ရန် ပျက်ကွက်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဟု ဩဂုတ် ၂၈ ရက်တွင်သတင်းထုတ် ပြန်လိုက်သည်။
ရခိုင်ပြည်နယ် စစ်တွေ၊ အမ်း၊ ကျောက်ဖြူနှင့် သံတွဲမြို့ များမှ ရန်ကုန်သို့လေကြောင်းခရီး ဖြင့်လိုက်ပါခဲ့သူ ခရီးသည် ငါးထောင်ကျော်စာရင်းကို ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက ယမန်နေ့ညတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး သတင်းပေးပို့ရန်ပျက် ကွက်သူများကို သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုဥပဒေနှင့် အရေးယူဆောင်ရွက်သွားမည် အသိပေးထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူး စက်မှု ပြန်လည်ဖြစ်ပွားသည်သာ မက နေ့စဉ်အတည်ပြုလူနာအရေ အတွက်သည်လည်း များပြားနေ သည့်အတွက် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ ခရီးသွားလာသူစာ ရင်းကို ပထမဆုံးထုတ်ပြန်ကြေ ညာကာ သက်ဆိုင်ရာဌာနများသို့ သတင်းပေးပို့ရန် တိုက်တွန်းထား ခြင်းဖြစ်သည်။
အဆိုပါကာလအတွင်း ခရီးသည်များ၏ ဖုန်းနံပါတ်များကိုလည်း ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာနနှင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနတို့တွင် စုစည်းထားရှိပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားပြီး စစ်တွေမြို့မှ ရန်ကုန်မြို့သို့ဝင်လာသည့် ခရီးသည်အရေအတွက်သည် အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံသားများသာမက နိုင်ငံခြားသားများလည်း ပါဝင်နေသည်ကို တွေ့ရသည်။
ဩဂုတ် ၁၆ရက်တွင် ရခိုင် ပြည်နယ်မှ ရန်ကုန်သို့ ခရီးသည် ၆၇၀ ဦးရောက်ရှိခဲ့ပြီး ယင်းသည် ၁၂ ရက်တာကာလအတွင်းအများ ဆုံးအရေအတွက်လည်း ဖြစ် သည်။ နောက်ဆုံးရက်များဖြစ် သည့် ဩဂုတ် ၂၀ နှင့် ၂၁ ရက် တွင် ရန်ကုန်သို့ပြန်လာသည့်ခရီးသည်ဦးရေလျော့ကျခဲ့ပြီး ၁၁၇ ဦး ရှိခဲ့သည်။ ယင်းမတိုင်မီ အစော ပိုင်း ၁၀ ရက်တွင် နေ့စဉ်အနည်း ဆုံး ၃၇၀ ကျော် ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
>>zawgyi<<

Sunday, August 30, 2020

0 comments:

Post a Comment