Sunday, August 30, 2020

လူတိုင်းပေးနိုင်ဖို့ မဲရုံအရေအတွက် ထပ်မံတိုးချဲ့ပေးရန် UEC ထံတင်ပြထားကြောင်း ဦးသောင်းအေးပြော

၂၀၂၀အထွေအထွေရွေးကောက်ပွဲသည် COVID-19 ရောဂါဖြစ်ပွားစဉ်ကာလအတွင်း ကျန်းမာရေးစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဆန္ဒမဲပေးရမည်ဖြစ်သည့်အတွက် မဲဆန္ဒရှင်များအားလုံး ဆန္ဒမဲပေးနိုင်ရေး မဲရုံအရေအတွက်များ ထပ်မံတိုးချဲ့ပေးရန် ရွေးကောက်ပွဲကော်မရှင် (UEC)ထံတင်ပြထားကြောင်း ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးကပြောဆိုလိုက်သည်။
ယမန်နေ့ ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးမှာ ပါတီဝင်အချို့နဲ့ တွေ့ဆုံရာမှာ ဦးသောင်းကအထက်ပါအတိုင်း ပြောဆိုလိုက်သည်။
“ရွေးကောက်ပွဲဟာ COVID-19 ရောဂါဖြစ်ပွားနေတဲ့ကာလမှာ ကျင်းပရမှာဖြစ်တယ်။ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းနဲ့ပေးရမယ်ဆို လူတိုင်းပေးနိုင်ဖို့ အချိန်မလောက်နိုင်ဘူး။ ဒါကြောင့် ကျွန်တော်တို့ ရွေးကောက်ပွဲကော်မရှင်ထံ မဲရုံအရေအတွက် ထပ်မံတိုးချဲ့ပေးဖို့ တင်ပြထားတယ်။ ရွေးကောက်ပွဲကော်မရှင်ကလည်း မဲစာရင်းအတည်ပြုပြီးရင် တိုးဖို့လုပ်ဆောင်ပေးမယ်ပြောတယ်” ဟု ဦးသောင်းအေးကပြောသည်။
ထို့အပြင် ပြည်သူများအားလုံး ဆန္ဒမဲပေးနိုင်ရေးအတွက် ပါတီဝင်များအနေဖြင့် ရွေးကောက်ပွဲကော်မရှင်မှထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကူညီဆောင်ရွက်ပေးကြဖို့တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနေ့ကျင်းပပြုလုပ်သည့် တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး သက်ဆိုင်ရာတာဝန်ရှိသူနှင့် ပါတီဝင်အချို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
>>zawgyi<<
လူတိုင်းပေးနိုင်ဖို့ မဲရုံအရေအတွက် ထပ်မံတိုးချဲ့ပေးရန် UEC ထံတင်ပြထားကြောင်း ဦးသောင်းအေးပြော
Monday, August 31, 2020
၂၀၂၀အထွေအထွေရွေးကောက်ပွဲသည် COVID-19 ရောဂါဖြစ်ပွားစဉ်ကာလအတွင်း ကျန်းမာရေးစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဆန္ဒမဲပေးရမည်ဖြစ်သည့်အတွက် မဲဆန္ဒရှင်များအားလုံး ဆန္ဒမဲပေးနိုင်ရေး မဲရုံအရေအတွက်များ ထပ်မံတိုးချဲ့ပေးရန် ရွေးကောက်ပွဲကော်မရှင် (UEC)ထံတင်ပြထားကြောင်း ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးကပြောဆိုလိုက်သည်။
ယမန်နေ့ ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးမှာ ပါတီဝင်အချို့နဲ့ တွေ့ဆုံရာမှာ ဦးသောင်းကအထက်ပါအတိုင်း ပြောဆိုလိုက်သည်။
“ရွေးကောက်ပွဲဟာ COVID-19 ရောဂါဖြစ်ပွားနေတဲ့ကာလမှာ ကျင်းပရမှာဖြစ်တယ်။ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းနဲ့ပေးရမယ်ဆို လူတိုင်းပေးနိုင်ဖို့ အချိန်မလောက်နိုင်ဘူး။ ဒါကြောင့် ကျွန်တော်တို့ ရွေးကောက်ပွဲကော်မရှင်ထံ မဲရုံအရေအတွက် ထပ်မံတိုးချဲ့ပေးဖို့ တင်ပြထားတယ်။ ရွေးကောက်ပွဲကော်မရှင်ကလည်း မဲစာရင်းအတည်ပြုပြီးရင် တိုးဖို့လုပ်ဆောင်ပေးမယ်ပြောတယ်” ဟု ဦးသောင်းအေးကပြောသည်။
ထို့အပြင် ပြည်သူများအားလုံး ဆန္ဒမဲပေးနိုင်ရေးအတွက် ပါတီဝင်များအနေဖြင့် ရွေးကောက်ပွဲကော်မရှင်မှထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကူညီဆောင်ရွက်ပေးကြဖို့တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနေ့ကျင်းပပြုလုပ်သည့် တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး သက်ဆိုင်ရာတာဝန်ရှိသူနှင့် ပါတီဝင်အချို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

0 comments:

Post a Comment