Sunday, August 30, 2020

ဝိုင်းမော်-ကန်ပိုက်တီ လမ်းအပိုင်း ပြန်လည်ကောင်းမွန်လ အချိန်တစ်လ ကြာမြင့်မည်

ကချင်ပြည်နယ်အတွင်း တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးဝင်ထွက်ပေါက်တွင် ဒုတိယ အဓိကလမ်းကြောင်းအဖြစ် အသုံးပြုလျက်ရှိသည့် ဝိုင်းမော်-ကန်ပိုက်တီ လမ်းကြောင်းမှာ မိုးသည်းထန်စွာ ရွာသွန်ခြင်းကြောင့် ဩဂုတ် ၁၉ ရက်က ကတ္တရာလမ်းအပိုင်းအချို့ ပျက်စီးကျိုးပြတ်သွားခဲ့၍ ပြင်ဆင်လျက်ရှိသော်လည်း ပျက်စီးမှုကြီးမားသဖြင့် ပြင်ဆင်မှုကာလ တစ်လခန့်ကြာမြင့်မှသာ ပြန်လည်ကောင်းမွန်မည်ဖြစ်ကြောင်း ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းမှ ပြောကြားသည်။
ကချင်ပြည်နယ်အတွင်း ဝိုင်းမော်-ကန်ပိုက်တီ လမ်းအပိုင်းမှာ ဒေသထွက်ကုန်သီးနှံများ ပို့ဆောင်ခြင်းနှင့် တရုတ်နိုင်ငံမှ အဝတ်အထည်၊ လျှပ်စစ်ပစ္စည်း၊ အိမ်သုံးကိရိယာများ တင်ပို့ခြင်းတို့ ဆောင်ရွက်သည့် လမ်အပိုင်းဖြစ်ကာ ယခုအခါ ပို့ကုန်/သွင်းကုန်များ ရပ်နားထားရပြီး လမ်းပိုင်း အမြန်ကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာမှ ယာဉ်ယန္တရားများအသုံးပြု၍ လမ်းဖောက်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းထံမှ သိရှိရသည်။
>>zawgyi<<
ဝိုင်းမော်-ကန်ပိုက်တီ လမ်းအပိုင်း ပြန်လည်ကောင်းမွန်လ အချိန်တစ်လ ကြာမြင့်မည်
Monday, August 31, 2020
ကချင်ပြည်နယ်အတွင်း တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးဝင်ထွက်ပေါက်တွင် ဒုတိယ အဓိကလမ်းကြောင်းအဖြစ် အသုံးပြုလျက်ရှိသည့် ဝိုင်းမော်-ကန်ပိုက်တီ လမ်းကြောင်းမှာ မိုးသည်းထန်စွာ ရွာသွန်ခြင်းကြောင့် ဩဂုတ် ၁၉ ရက်က ကတ္တရာလမ်းအပိုင်းအချို့ ပျက်စီးကျိုးပြတ်သွားခဲ့၍ ပြင်ဆင်လျက်ရှိသော်လည်း ပျက်စီးမှုကြီးမားသဖြင့် ပြင်ဆင်မှုကာလ တစ်လခန့်ကြာမြင့်မှသာ ပြန်လည်ကောင်းမွန်မည်ဖြစ်ကြောင်း ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းမှ ပြောကြားသည်။
ကချင်ပြည်နယ်အတွင်း ဝိုင်းမော်-ကန်ပိုက်တီ လမ်းအပိုင်းမှာ ဒေသထွက်ကုန်သီးနှံများ ပို့ဆောင်ခြင်းနှင့် တရုတ်နိုင်ငံမှ အဝတ်အထည်၊ လျှပ်စစ်ပစ္စည်း၊ အိမ်သုံးကိရိယာများ တင်ပို့ခြင်းတို့ ဆောင်ရွက်သည့် လမ်အပိုင်းဖြစ်ကာ ယခုအခါ ပို့ကုန်/သွင်းကုန်များ ရပ်နားထားရပြီး လမ်းပိုင်း အမြန်ကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာမှ ယာဉ်ယန္တရားများအသုံးပြု၍ လမ်းဖောက်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းထံမှ သိရှိရသည်။

0 comments:

Post a Comment