Monday, August 31, 2020

ကမ္ဘာ့ဘဏ်ချေးငွေနဲ့ ရေကြီး၊ရေလျှံမှုလျော့နည်းပပျောက်ရေးသုံးစွဲငွေပမာဏကိုလွှတ်တော်မှာခဏခဏ မေးမြန်းခဲ့ပေမဲ့ စည်ပင်က ခုထိလာမရှင်းပြသေး

ကမ္ဘာဘဏ်ချေးငွေနဲ့ဆောင်ရွက်နေတဲ့ စီမံကိန်းတွေနဲ့ ရန်ကုန်မြို့တွင်း (၆)ခုမှာ ရေကြီး၊ ရေလျှံမှုလျော့နည်း ပပျောက်ရေးအတွက် သုံးထားတဲ့ငွေပမာဏကို စည်ပင်သာယာရေးကော်မတီက ဒီနေ့အထိပြန်ဖြေတာ မရှိသေးဘူးလို့ ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီက သိရပါတယ်။
ဒီနေ့သြဂုတ်လ(၃၁)ရက်နေ့ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရန်ကုန် တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေသုံးစွဲဆိုင်ရာ ဥပဒေများနဲ့ပတ်သက်ပြီး လေ့လာတွေ့ရှိခဲ့ကြတဲ့ သဘောထားမှတ် ချက်အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီးဘဏ္ဍာရေး၊ စီမံကိန်းနဲ့စီးပွားရေးကော်မတီက ဖတ်ကြားခဲ့ပြီး အဲဒီလို ဖတ်ကြားခဲ့တယ်လို့ ထည့်သွင်းပြောကြားခဲ့တာပါ။
အဲဒီစီမံကိန်းတွေနဲ့ ရန်ကုန်မြို့တွင်း(၆)ခုမှာ ရေကြီး၊ ရေလျှံမှုလျော့နည်း ပပျောက်စေရေးအတွက် သုံးစွဲထားတဲ့ ငွေကြေးပမာဏကို လွှတ်တော်မှာမကြာခဏမေးမြန်းခဲ့ပေမဲ့ ဘယ်လုပ်ငန်းတွေ စတင်ဆောင်ရွက်နေတာကို ဖြေကြားနိုင်မှုမရှိတာဟာ ပြည်သူလူထုရဲ့ယုံကြည်မှုကိုလျော့ကျစေတာကြောင့် တိကျတဲ့အဖြေကို ပြန်ဖြေကြား ပေးဖို့ ကော်မတီက အကြံပြုခဲ့ပါသေးတယ်။
ရန်ကုန်တိုင်းထဲ ရေကြီးရေလျှံမှု၊ သဘာဝဘေးအန္တရာယ်ရန်ပုံငွေနဲ့ အဆောက်အဦ ဘေးကင်းလုံခြုံရေးလုပ်ငန်းတွေအတွက် ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာ(၁၂၄)သန်းရှိတယ်လို့ သိရပါတယ်။
ရေကြီးရေလျှံတာကိုလျော့နည်းစေဖို့ ကမ္ဘာ့ဘဏ်ချေးငွေနဲ့ ဆောင်ရွက်မယ့်စီမံကိန်းကတော့ (၆)နှစ် စီမံ ကိန်း လို့ သိရပါတယ်။
Ref ; O Media

0 comments:

Post a Comment