Monday, August 31, 2020

COVID -19 ကာလအတွင်း မွန်ပြည်နယ်တွင် ကျူရှင်သင်ကြားခြင်းပြုလုပ်ပါက အရေးယူမည်

မြန်မာနိုင်ငံတွင် COVID -19 ရောဂါဖြစ်ပွားချိန်မှ စတင်ပြီး လူစုလူဝေးမဖြစ်စေရေးအတွက် အခြေခံပညာ ကျောင်းများ၊ တက္ကသိုလ် ကောလိပ်ကျောင်းနှင့် သင်တန်းများ ယာယီပိတ်ထားရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါသည်။
မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းများကို ဇွန်လ (၁) ရက်တွင် စတင်ဖွင့်လှစ်ရာမှ ယခုနှစ်တွင် COVID-19 ရောဂါကြောင့် အခြေခံပညာအထက်တန်းအဆင့်ကျောင်းများကို စစ်ဆေးရေးအဖွဲ့များဖြင့် ကျန်း မာရေးဆိုင်ရာ အချက်များ စစ်ဆေးကြပြီးနောက်၊ ဆန်းစစ်ချက် (A) အဆင့်ရ ကျောင်းများကိုသာ ဇူလိုင်လ (၂၁ )ရက်တွင် စတင်ဖွင့်လှစ်ခွင့်ပေးခဲ့ပါသည်။ ယခုအခါ COVID-19 ရောဂါ ပြည်တွင်းကူးစက်မှု မြင့်မားလာသည့်အတွက် ဩဂုတ်လ(၂၇) ရက်မှ စတင်ကာ အခြေခံပညာအဆင့်ကျောင်းများ ပိတ်ထားရန်ညွှန်ကြားချက် ထုတ်ပြန်လိုက်ပြီ ဖြစ်ပါသည်။ မွန်ပြည်နယ်အတွင်း ကျောင်းများပိတ်ထားချိန်တွင် ကျောင်းသား၊ ကျောင်းသူများကို ကျူရှင်ပုံစံ သင်ကြားပေးခြင်းမျိုး တွေ့ရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့်အ ညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ပညာရေးမှူးထံမှ သိရှိရပါသည်။ ထို့ပြင်ပညာရေး ဝန်ထမ်းများ လုပ်ဆောင်နေ သည်ကို တွေ့ရှိပါက ပြည်နယ်ရုံးသို့ တိုက်ရိုက်တိုင်ကြားနိုင်ကြောင်း၊ ပြည်နယ်ရုံးအနေဖြင့် စိစစ်ဆောင်ရွက်ပြီး စစ်ဆေးအရေးယူသွားမှာဖြစ်ကြောင်း၊ ဝန်ထမ်းအနေဖြင့်ဝန်ထမ်းစည်းမျဉ်း စည်းကမ်း၊ ဌာနဆိုင်ရာ ညွှန်ကြား ချက် များကို လိုက်နာခြင်း မရှိပါက နိုင်ငံ့ဝန်ထမ်းဥပဒေအတိုင်း အရေးယူသွားမှာ ဖြစ်ကြောင်း သိရှိရပါသည်။ သက်ဆိုင် ရာမြို့နယ် COVID-19 ထိန်းချုပ်ရေးကော်မတီမှ ပညာရေးလုပ်ငန်း လုပ်ကိုင်သူများ၊ ဘော်ဒါဖွင့်လှစ်ထားသူများ၊ ဘာသာရပ်သင် သင်တန်းကျောင်း ဖွင့်လှစ်ထားသူများနှင့် တွေ့ဆုံပြီး ကျောင်းများ၊ ကျူရှင်များ ပိတ်ထားရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ချင်းစီအလိုက် ပူးပေါင်း ဆောင်ရွက်မှသာ COVID-19 ရောဂါကို ကာကွယ်နိုင်ပြီး ကျောင်းများလည်း ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
Ref ; MRTV

0 comments:

Post a Comment