Saturday, August 29, 2020

ပျော်ဘွယ်မြို့နယ်ရှိ ပြည်သူလူထုများ၏ လိုအပ်ချက်များကို သွားရောက်တွေ့ဆုံမေးမြန်း

ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးတို့ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျီရွာကျေးရွာ၊ ချောင်းနားကျေးရွာ၊ တောင်ဖီလာကျေးရွာ၊ ဖျင်ဇင်းကျေးရွာများသို့ သွားရောက်ကာ ပြည်သူလူထုများ၏ လိုအပ်ချက်များကို သွားရောက်တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာများမှ ပြည်သူများကလည်း ၎င်းတို့ရွာများ၏ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ၊ ရေအခက်အခဲများအား ဦးသောင်းအေးကို အသီးသီး တင်ပြခဲ့ကြသည်။
ထို့ပြင် အဆိုပါကျေးရွာများတွင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးသောင်းအေးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးတို့မှ ဦးဆောင်ပြီး ကျေးရွာပြည်သူလူထုနှင့်အတူ ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
>>zawgyi<<
ပျော်ဘွယ်မြို့နယ်ရှိ ပြည်သူလူထုများ၏ လိုအပ်ချက်များကို သွားရောက်တွေ့ဆုံမေးမြန်း
Sunday, August 30, 2020
ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးတို့ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျီရွာကျေးရွာ၊ ချောင်းနားကျေးရွာ၊ တောင်ဖီလာကျေးရွာ၊ ဖျင်ဇင်းကျေးရွာများသို့ သွားရောက်ကာ ပြည်သူလူထုများ၏ လိုအပ်ချက်များကို သွားရောက်တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာများမှ ပြည်သူများကလည်း ၎င်းတို့ရွာများ၏ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ၊ ရေအခက်အခဲများအား ဦးသောင်းအေးကို အသီးသီး တင်ပြခဲ့ကြသည်။
ထို့ပြင် အဆိုပါကျေးရွာများတွင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးသောင်းအေးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးတို့မှ ဦးဆောင်ပြီး ကျေးရွာပြည်သူလူထုနှင့်အတူ ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

0 comments:

Post a Comment