Monday, August 31, 2020

လက်ဘနွန်လူဦးရေ တဝက်ခန့်မှာ အစာရေဆာပြတ်လက်မှုများကြုံတွေ့နေ

ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှုကြောင့် နိုင်ငံ၏ ဒုက္ခများကို ပိုမိုဆိုးရွားစေပြီး နိုင်ငံ၏ လူဦးရေတဝက်ခန့်သည် အစာရေဆာပြတ်လတ်မှုများကို ရင်ဆိုင်ကြုံတွေ့နေ ရကြောင်း The United Nations Economic and Social Commission for Western Asia (ESCWA) မှ ပြီးခဲ့သောတနင်္ဂနွေနေ့က ပြောကြားခဲ့ပါသည်။ “စားနပ်ရိက္ခာဘေးကို ကာကွယ်ရန်အတွက် စားနပ်ရိက္ခာဈေးနှုန်းများကို စောင့်ကြပ်ကြည့်ရှု့ခြင်း၊ ကုန်ဈေးနှုန်းအတက်အ ကျများ သေချာစေရန်နှင့် ဒေသတွင်း ထုတ်လုပ်သူများထံမှ စားသုံးသူများသို့ တိုက်ရိုက်ရောင်းချခြင်းကို အားပေးရန် ကဲ့သို့သော အရေးပေါ်စီမံချက်များ ချမှတ်ဆောင်ရွက်သင့်ကြောင်း” ESCWA ၏ အုပ်ချုပ်ရေးဆိုင်ရာ အတွင်းရေးမှူး Rola Dashti မှ ပြောကြားခဲ့ပါသည်။
ဘေရွတ်ဆိပ်ကမ်းအနီးတွင်ရှိသော နိုင်ငံ၏အကြီးမားဆုံး ကောက်ပဲသီးနှံ သိုလှောင်ရုံကိုအမြန်ဆုံးဦးစားပေး ပြန်လည်တည်ဆောက်ရမည်ဖြစ်ကြောင်း လက်ဘနွန် အစိုးရမှ ပြောကြားခဲ့ပါသည်။ လက်ဘနွန်နိုင်ငံသည် ဩဂုတ်လတွင် ပေါက်ကွဲမှု ၄ ကြိမ် ဖြစ်ပွားခဲ့ကာ လူပေါင်း ၁၉၀ သေဆုံးခဲ့ပြီး လူ ၆,၅၀၀ ကျော် ဒဏ်ရာရရှိခဲ့သည့် ရုတ်တရက်ကပ်ဘေး ဆိုက်ရောက်ခဲ့ခြင်းကြောင့် စီးပွားရေးပြိုလဲမှုကို ကြုံတွေ့ခံစားခဲ့ရကြောင်း နိုင်ငံအစိုးရ မှ ပြီးခဲ့သော တနင်္ဂနွေနေ့တွင် သတင်းပေးပို့ခဲ့ပါသည်။
လက်ဘနွန်နိုင်ငံ၏ ငွေကြေးနှုန်းသည် မှောင်ခိုဈေးကွက်တွင် ငွေကြေးတန်ဖိုး များ ကျဆင်းခဲ့ပြီး အခြေခံစားဝတ်နေထိုင်မှုစရိတ်မှာ တဟုန်ထိုး မြင့်တက်လာခြင်းနှင့် Coronavirus ရောဂါပိုးတွေ့ရှိသူ အရေအတွက်မှာ အလွန်များပြားလာခြင်းတို့ကြောင့် လက်ဘနွန်နိုင်ငံသည် ၎င်း၏ ကြွေးမြီများကို ဆပ်ရန်ပျက်ကွက်ခဲ့ပါသည်။
နှစ်စဉ်ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၀ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်း ကျော်ရှိမည်ဟု ခန့်မှန့်ထားပြီး ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂.၉ ရာခိုင်နှုန်း မြင့်တက်လာကြောင်း” ESCWA မှ ထုတ်ပြန်ပြောကြားခဲ့ပါသည်။
လက်ဘနွန်နိုင်ငံသည် စားသောက်ကုန်လိုအပ်ချက်၏ ၈၅ ရာခိုင်နှုန်းကို သွင်းကုန်များပေါ်တွင် မှီခိုနေပြီး ဘေရွတ်ဆိပ်ကမ်းအနီး ပေါက်ကွဲမှုသည် ပျက်ယွင်း နေသော အခြေအနေများကိုပိုမိုဆိုးရွားလာစေကြောင်း ကူညီထောက်ပံ့ရေးအေဂျင်စီ နှင့် ကျွမ်းကျင်သူများက ပြောကြားခဲ့ပါသည်။
Dashti သည် “ ဖြစ်ပေါ်လာနိုင်သော လူမှုရေးတင်းမာမှုများ” ကို ကာကွယ်ရန် အတွက် “ ဒုက္ခသည်များနှင့် လက်ခံထားသည့် အဖွဲ့အစည်းကို ရည်မှန်းပြီး စားသောက် ရေးအစီအစဉ်ကို ချဲ့ထွင်ဆောင်ရွက်ပေးရန်” တိုက်တွန်းခဲ့ပါသည်။
ယခုလအစောပိုင်းတွင် လက်ဘနွန်နိုင်ငံသား ၅၅ ရာခိုင်နှုန်းကျော်သည် ဆင်းရဲ နွမ်းပါးဒဏ်ကို ခံစားနေရပြီး အခြေခံလိုအပ်ချက်များအတွက် ရုန်းကန်နေရကြောင်း ESCWA မှ ပြောကြားခဲ့ပါသည်။
Source - CGTN #Myanmar_Online_News

0 comments:

Post a Comment