Monday, August 31, 2020

ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို လိုက်နာကြရန် ဦးသောင်းအေးတိုက်တွန်း

COVID-19 ရောဂါဖြစ်ပွားစဉ်ကာလအတွင်း ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို လိုက်နာကြရန် ပျော်ဘွယ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက တိုက်တွန်းပြောကြားလိုက်သည်။
“ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ယခုလို ရောဂါဖြစ်ပွားတဲ့ကာလမှာ ကျန်းမာရေးအထူးဂရုစိုက်ကြ ဖို့လိုတယ်။ မိမိကိုယ်ကိုယ်မိမိ ဂရုစိုက်ရမှာဖြစ်တယ်။ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွေကိုလည်း လိုက်နာကြဖို့လိုတယ်”ဟု ဦးသောင်းအေးကပြောသည်။
သြဂုတ် ၃၀ ရက် ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးတို့သည် ပျော်ဘွယ်မြို့နယ်အတွင်းရှိ ဆူးချင်ကုန်းကျေး ရွာ၊ တွင်းရွာကျေးရွာ၊ မြောက်မင်းကုန်းကျေးရွာ၊ ဗိန္ဓိကကျေးရွာများသို့ သွားရောက်ကာ ပြည်သူလူထု၏ လိုအပ်ချက်များကို သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာ၌ ဦးသောင်းအေးက ယင်းကဲ့သို့ တိုက်တွန်းမှာကြားခဲ့ခြင်းဖြစ်သည်။
ယင်းကျေးရွာနေ ဒေသခံပြည်သူများကလည်း ၎င်းတို့ဒေသရှိ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများ၊ ရေရရှိမှု အခက်အခဲများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးတင်စိုးတို့ထံ အသီးသီးတင်ပြခဲ့ကြသည်။
ထို့ပြင် အဆိုပါကျေးရွာများတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးနှင့် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးတင်စိုးတို့က ဦးဆောင်ပြီး ကျေးရွာပြည်သူလူထုနှင့်အတူ ဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်သံဃာတော်များက ဘာသာ၊ သာသနာမပျောက်ကွယ်ရေးအတွက် ယခုထက်မက ဘာသာအကျိုး၊ သာသနာအကျိုး လုပ်ဆောင်ကြရန် သြဝါဒပေးခဲ့ကြောင်း သိရသည်။
Source - USDP

0 comments:

Post a Comment