Saturday, August 29, 2020

ရခိုင်ပြည်နယ်၊ စစ်တွေတွင် စားနပ်ရိက္ခာများ ရရှိမည်ဟုဆိုကာ လူစုလူဝေးဖြစ်ပွား

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရွာကြီးတောင်ရပ်ကွက်ရှိ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီးရှေ့ ဝင်္ကဘာကွင်းတွင် စားနပ်ရိက္ခများပေးမည်ဟု ကောလာဟလ သတင်းများထွက်ပေါ်ခဲ့သည့်အတွက် လူစုလူဝေးများဖြစ်ပေါ်ခဲ့သည်။
အဆိုပါနေရာသို့ သြဂုတ်လ ၂၉ ရက်နေ့ နေ့လယ်ပိုင်းမှစတင်ကာ စစ်တွေမြို့ရှိ ရွာကြီးမြောက်၊ အုန်းတပင်၊ စက်ရုံစုအစရှိသော ရပ်ကွက်များမှ ဆင်းရဲသားပြည်သူများ စုဝေးရောက်ရှိလာကြပြီး နာရီပိုင်းအတွင်းတွင် လူ ၃ဝဝ ကျော်ခန့် စုဝေးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါနေရာတွင် ရခိုင်ပြည်နယ်အစိုးရက ငွေကျပ်နှစ်သောင်းနှင့် ဆန်ရိက္ခာအချို့ ထောက်ပံ့ပေးမည်ဟု ကောလာဟလထွက်ပေါ်ခဲ့သည့်အတွက် ယခုကဲ့သို့ စုဝေးရောက်ရှိခဲ့ခြင်းဖြစ်သည်။ လာရောက်ခဲ့သူများတွင် ပြည်နယ်အစိုးရက ထောက်ပံ့ငွေကျပ်နှစ်သောင်းကို မရရှိသေးသူများလည်း ပါဝင်ခဲ့သည်။
အဆိုပါလူစုလူဝေးမှာ ညနေ ၄ နာရီခန့်အထိ လူစုမကွဲသေးပေ။
စစ်တွေမြို့တွင် သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၈ နာရီအထိ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၄ဝ ဦးအထိရှိနေပြီဖြစ်သည်။ လူစုလူဝေးမလုပ်ရန်နှင့် အိမ်အပြင်မထွက်ကြရန်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Ref ; Narinjara

0 comments:

Post a Comment