Monday, August 31, 2020

နေပြည်တော်မှ စစ်တွေလူနာအမှတ် ၆၅၉ နဲ့ထိတွေ့ခဲ့သူများ ဓာတ်ခွဲအဖြေ Negative ထွက်

ရခိုင်ပြည်နယ်၊ အမ်းမြို့က COVID-19 ဓါတ်ခွဲ အတည်ပြုလူနာ (Case – 659) အသက် ၂၁ နှစ်အ ရွယ် မမေဇွန်နိုင်ဟာ နေပြည်တော်ကို ရောက်ရှိခဲ့ပြီး ရာထူးဝင်စာမေးပွဲဖြေကြားခဲ့တယ်လို့ မနေ့က နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ပြီး အဆိုပါ လူနာအမှတ် ၆၅၉ နှင့်ထိတွေ့သူများကို ဓာတ်ခွဲစစ် ဆေးချက်အဖြေအရ Negative များ ထွက်ရှိတာကြောင့် လက်ရှိနေပြည်တော် အခြေအနေမှာ စိုးရိမ်စရာမရှိသေးကြောင်း နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။
အဆိုပါ မမေဇွန်နိုင်နှင့် ထိတွေ့မှုရှိခဲ့သူများမှာ ပြည်ထဲရေးဝန်ကြီးဌာနမှ ယာဉ်မောင်း ဦးစံမြတ်ကျော်နှင့် အ မှတ် (၂) မီးသတ်စခန်းမှ မီးသတ်တပ်ကြပ်ကြီး ဦးပြည့်ဖြိုးအောင်နှင့်မိသားစုဝင် နှစ်ဦးတို့ ဖြစ်ကြကြောင်း၊ ၎င်းတို့ကို Quarntine ထားရှိပြီး Swab တွေကိုလည်း အမျိုးသား ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့ စစ်ဆေးရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရပါတယ်။
“အဲဒီ မီးသတ်ကသုံးယောက်ရယ်၊ ပျဉ်းမနားဆေးရုံမှာရှိတဲ့ ယာဉ်မောင်း သုံး ယောက်ရယ်၊ အဲဒါတွေ အား ချင်း မနေ့က ကုတင် ၁၀၀၀ မှာ စစ်ပါတယ်။ ပထမအကြိမ်ကတော့ Negative ပါ။ စိုးရိမ်စရာမရှိဘူး။ စာမေး ပွဲဖြေ တယ်ဆိုပေမယ့် သူနဲ့ အတူနေခဲ့သူတွေတောင် Negative ဆိုတော့ ဟိုဖက်ကတော့ အခွင့်အလမ်းနည်းသွား ပြီ၊ အဲဒီ ဝန်ကြီးဌာနက လူတွေကိုတော့ Home stay နဲ့ ကျနော်တို့ စောင့်ကြည့်နေပါတယ်။” လို့ ၎င်းက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံတွင် ယနေ့အထိ COVID-19 ကူးစက်သူ ၇၈၇ ဦးထိ ရှိကြောင်း၊ လက်ရှိတွင် နေပြည်တော်သို့ ဝင်ရောက်လာမည့် သူများတွင် ရခိုင်ပြည်နယ်မှပြန်လာသူများရှိပါက Quarntine ၂၁ ရက်ထားရှိမည်ဖြစ်ပြီး ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လာမည်ဆိုပါက သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်များတွင် နေထိုင်ကြောင်း ထောက်ခံစာပါရှိရမည့်ဖြစ်ကြောင်း၊ ထိုသို့ထောက်ခံစာများမပါရှိပါက သံသယရှိသူအနေဖြင့် Quarntine ဝင်ရောက်ရမည်ဖြစ်ကြောင်း နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။
Ref ; Myanma Platform

0 comments:

Post a Comment