Sunday, August 30, 2020

အိန္ဒိယနိုင်ငံတွင် ဘာသာရေး လှည့်လည်ချီတက်ပွဲလုပ်ခဲ့သူတွေနဲ့ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တို့ တိုက်ခိုက်မှုဖြစ်ပွားပြီး လူ ၄၀ ခန့် ဒဏ်ရာရရှိ

အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားဒေသမှာ စနေနေ့က ဘာသာရေး လှည့်လည်ပူဇော်ပွဲလုပ်ခဲ့တဲ့ မွတ်ဆလင်ရာပေါင်းများစွာနဲ့ လုံခြုံရေးတပ်ဖွဲ့တို့ ရုန်းရင်းဆန်ခတ် တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့က ခဲကျည်တွေ၊ မျက်ရည်ယိုဗုံးတွေသုံး ပစ်ခတ်ကာ လူစုခွဲခဲ့ရာ လူ ၄၀ ခန့် ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောဆိုပါတယ်။
Muharram ဘာသာရေးလအတွက် ရိုးရာချီတက်လှည့်လည်ပွဲ လုပ်လိုကြတဲ့ ရှီယိုက်မွတ်ဆလင်တွေနဲ့ တိုက်ခိုက်မှုတွေဖြစ်ခဲ့အပြီးမှာ အိန္ဒိယအာဏာပိုင်တွေက ယင်းလှည့်လည်ပွဲ မလုပ်ဖို့ ကြာသပတေးနေ့မှာ ပြန်လည် ပိတ်ပင်ခဲ့ပါတယ်။
ပြည်နယ်ရဲ့ အဓိကမြို့ ဆရီနာဂါ အစွန်အဖျား ဘမ်မီနာဧရိယာကနေ လှည့်လည်ချီတက်ပွဲ စတင်ခဲ့ပြီး အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင် များစွာချထားခဲ့တာတွေ့ရကြောင်း မျက်မြင်တွေ့သူတစ်ဦးဖြစ်တဲ့ ဂျာဖာအလီက AFP ကို ပြောဆိုခဲ့ပါတယ်။
လူစုလူဝေးလုပ်နေသူတစ်ချို့ဟာ ချီတက်လှည့်လည်ဖို့ စလုပ်လာစဉ် သူတို့ လူစုခွဲခဲ့ခြင်းဖြစ်တယ်လို့ ရဲအရာရှိတစ်ဦးက ပြောဆိုခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုနဲ့ ပတ်သက်လို့ အသေးစိတ် မပြောဆိုခဲ့ပါဘူး။ ချီတက်ပွဲမှာ ပါဝင်ခဲ့တဲ့ မွတ်ဆလင်တွေဟာ ခွဲထွက်ရေး ထောက်ခံ ကြွေးကြော်မှုတွေ၊ အိန္ဒိယ ဆန့်ကျင်ရေး နိုင်ငံရေးဆောင်ပုဒ်တွေ ဟစ်အော်ခဲ့ကြကြောင်း အခြား မျက်မြင်တွေ့ရှိသူတွေက ပြောဆိုပါတယ်။
crd-အကုန်သိ #Myanmar_Online_News 3ကက်ရှ်မီးယား #ဘာသာရေးလှည့်လည်ပူဇော်ပွဲ
>>zawgyi<<

crd-အကုန္သိ #Myanmar_Online_News 3ကက်ရှ်မီးယား
#ဘာသာရေးလှည့်လည်ပူဇော်ပွဲ

0 comments:

Post a Comment