Saturday, August 29, 2020

ထီလက်မှတ် လျှော့ချရောင်းချခြင်းကြောင့် (၁၉)ကြိမ်မြောက်ထီဖွင့်ပွဲတွင် ဆုငွေ ယခင်လထက် သိန်း ၁၅,၀၀၀ ခန့် လျော့နည်း

အောင်ဘာလေသိန်းဆုဌာနသည် ပြီးခဲ့သည့် (၁၈)ကြိမ်မြောက်ထီဖွင့်ပွဲ၌ ဆုငွေကျပ် ၁၉,၆၃၆ သန်းခွဲဝေချီးမြှင့်ခဲ့ပြီး စက်တင်ဘာ ၁ ရက်တွင်ပြုလုပ်မည့် (၁၉)ကြိမ်မြောက်ထီဖွင့်ပွဲတွင် ကျပ် ၁၈,၁၆၃ သန်း ချီးမြှင့်မည်ဖြစ်၍ ယခင်လထက် ဆုငွေကျပ်သန်း ၁,၅၀၀ ခန့်လျှော့နည်းခဲ့ကြောင်း သိရသည်။
ခွဲဝေချီးမြှင့်မည့် ဆုငွေ လျော့နည်းရခြင်းမှာ ထီလက်မှတ် စောင်ရေလျှော့ချရိုက်နှိပ်ရောင်းချခြင်းဖြစ်ကြောင်း ကို ‘‘ထီအက္ခရာသုံးလုံး လျှော့ ပြီး ဒီလ(သြဂုတ်)မှာအက္ခရာ ၃၇ လုံးပဲဖြန့်တာဆိုတော့ ဆုတန်ဖိုး လည်းလျော့သွားတာပေါ့’’ ဟု ထီ ကိုယ်စားလှယ်ကိုအောင်ဝင်းက ပြောသည်။
အောင်ဘာလေထီ (၁၉)ကြိမ်မြောက်တွင် ထီအက္ခရာသုံးလုံးလျှော့ချခဲ့သည့်အတွက်ယခင် လထက် ရောင်းချသည့် ထီ လက်မှတ်စောင်ရေ ၂ ဒသမ ၆ သန်းကျော် လျော့နည်းခဲ့သည်။
စက်တင်ဘာ ၁ ရက်ထီဖွင့် ပွဲ၌ ဆုကြီးများထဲမှ ကျပ်သိန်း ၂,၀၀၀ နှစ်ဆု၊ ကျပ်သိန်း ၁,၀၀၀ တစ်ဆု လျှော့ချထားသည်။ ထို့ အပြင် ဆုတစ်ဆု ချင်းစနစ်တွင် လည်း ကျပ်သိန်း ၅၀၀ ငါးဆု၊ ကျပ်သိန်း ၂၀၀ လေးဆု၊ ကျပ် သိန်း ၁၀၀ တစ်ဆု၊ ကျပ်သိန်း ၅၀ နှစ်ဆု၊ ကျပ်သိန်း ၂၀ ခြောက် ဆုနှင့် ကျပ် ၁၀ သိန်းဆု ၁၃ ဆု လျှော့ချခဲ့သည်။
ဝေဝေဆာဆာပဒေသာဆုမဲ စနစ်တွင် ကျပ်တစ်သိန်းဆု ၁,၀၀၀ ဆု၊ ကျပ်ငါးသောင်းဆု ၁၀,၀၀၀ ကို လည်းလျှော့ချမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ ယခုလတွင် ထီဆိုင်အချို့မှာ အောင်ဘာလေ ထီတစ်စောင် လျှင်ကျပ် ၁,၃၀၀ အထိ ဈေးတင် ရောင်းချမှု ရှိခဲ့ခြင်းကြောင့် ဝေ ဖန်မှုများ မြင့်တက်ခဲ့သည်။
crd-7 day #Myanmar_Online_News #ထီလက်မှတ် #(၁၉)ကြိမ်မြောက်ထီဖွင့်ပွဲ
>>zawgyi<<
ထီလက်မှတ် လျှော့ချရောင်းချခြင်းကြောင့် (၁၉)ကြိမ်မြောက်ထီဖွင့်ပွဲတွင် ဆုငွေ ယခင်လထက် သိန်း ၁၅,၀၀၀ ခန့် လျော့နည်း
Sunday, August 30, 2020
အောင်ဘာလေသိန်းဆုဌာန သည် ပြီးခဲ့သည့် (၁၈)ကြိမ်မြောက်ထီဖွင့်ပွဲ၌ ဆုငွေကျပ် ၁၉,၆၃၆ သန်းခွဲဝေချီးမြှင့်ခဲ့ပြီး စက်တင်ဘာ ၁ ရက် တွင်ပြုလုပ်မည့် (၁၉)ကြိမ် မြောက်ထီဖွင့်ပွဲတွင် ကျပ် ၁၈,၁၆၃ သန်း ချီးမြှင့်မည်ဖြစ်၍ ယခင်လ ထက် ဆုငွေကျပ်သန်း ၁,၅၀၀ ခန့်လျှော့နည်းခဲ့ကြောင်း သိရသည်။
ခွဲဝေချီးမြှင့်မည့် ဆုငွေ လျော့နည်းရခြင်းမှာ ထီလက်မှတ် စောင်ရေလျှော့ချရိုက်နှိပ်ရောင်းချခြင်းဖြစ်ကြောင်း ကို ‘‘ထီအက္ခရာသုံးလုံး လျှော့ ပြီး ဒီလ(သြဂုတ်)မှာအက္ခရာ ၃၇ လုံးပဲဖြန့်တာဆိုတော့ ဆုတန်ဖိုး လည်းလျော့သွားတာပေါ့’’ ဟု ထီ ကိုယ်စားလှယ်ကိုအောင်ဝင်းက ပြောသည်။
အောင်ဘာလေထီ (၁၉)ကြိမ်မြောက်တွင် ထီအက္ခရာသုံးလုံးလျှော့ချခဲ့သည့်အတွက်ယခင် လထက် ရောင်းချသည့် ထီ လက်မှတ်စောင်ရေ ၂ ဒသမ ၆ သန်းကျော် လျော့နည်းခဲ့သည်။
စက်တင်ဘာ ၁ ရက်ထီဖွင့် ပွဲ၌ ဆုကြီးများထဲမှ ကျပ်သိန်း ၂,၀၀၀ နှစ်ဆု၊ ကျပ်သိန်း ၁,၀၀၀ တစ်ဆု လျှော့ချထားသည်။ ထို့ အပြင် ဆုတစ်ဆု ချင်းစနစ်တွင် လည်း ကျပ်သိန်း ၅၀၀ ငါးဆု၊ ကျပ်သိန်း ၂၀၀ လေးဆု၊ ကျပ် သိန်း ၁၀၀ တစ်ဆု၊ ကျပ်သိန်း ၅၀ နှစ်ဆု၊ ကျပ်သိန်း ၂၀ ခြောက် ဆုနှင့် ကျပ် ၁၀ သိန်းဆု ၁၃ ဆု လျှော့ချခဲ့သည်။
ဝေဝေဆာဆာပဒေသာဆုမဲ စနစ်တွင် ကျပ်တစ်သိန်းဆု ၁,၀၀၀ ဆု၊ ကျပ်ငါးသောင်းဆု ၁၀,၀၀၀ ကို လည်းလျှော့ချမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ ယခုလတွင် ထီဆိုင်အချို့မှာ အောင်ဘာလေ ထီတစ်စောင် လျှင်ကျပ် ၁,၃၀၀ အထိ ဈေးတင် ရောင်းချမှု ရှိခဲ့ခြင်းကြောင့် ဝေ ဖန်မှုများ မြင့်တက်ခဲ့သည်။
#ထီလက်မှတ်
#(၁၉)ကြိမ်မြောက်ထီဖွင့်ပွဲ

0 comments:

Post a Comment