Sunday, August 30, 2020

သာကေတမှ ကိုဗစ်လူနာ အမှတ် ၇၀၁ မှာ ပလာဇာတစ်ခုတွင် ဖုန်းပြင်နေသူဖြစ်

ရန်ကုန်တိုင်းဒေသကြီး ၊ သာကေတမြို့နယ် (၂)မြောက်ရပ်ကွက် တိုးချဲ့လမ်း ၁တွင် နေထိုင်သော ကိုဗစ်အတည်ပြု လူနာ အမှတ် ၇၀၁ သည် ပလာဇာတစ်ခုတွင် ဖုန်းပြင်သည့် အလုပ် လုပ်ကိုင်နေသူဖြစ်ကြောင်း နှင့် ၎င်း၏ မိသားစုဝင် ၄ဦးကို ကွာရတင်းစင်တာသို့ ပို့ဆောင်ထားကြောင်း အုပ်ချုပ်ရေးမှူး ဦးတင့်လွင်က ပြောသည်။
၎င်းသည် ပြည်ပသို့ ခရီးသွားလာမှုရာဇဝင်မရှိ၊ ပိုးတွေ့လူနာများ နှင့် ဆက်စပ်မှုမရှိဘဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ စောင့်ကြည့်လူနာတစ်ဦး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
'' သူတို့အိမ်မှာက အားလုံးပေါင်း ၅ယောက်ရှိတာ။ သူ့အဖေ၊ အမေရယ် ၊ သူ့မိန်းမနဲ့ ကလေးတွေကို ကွာရတင်းစင်တာကို ပို့လိုက်တာဖြစ်ပါတယ်။ သူက ၂၄ရက်နေ့လောက်ကတော့ တော်ဝင်ဆေးခန်းလေးကို သွားပြတယ်။ ကောင်းသွားပြီးတော့ အလုပ်တစ်ရက် နှစ်ရက်လောက် ဆင်းလိုက်သေးတယ်။ ယောမင်းကြီးလမ်းက လပြည့်ဝန်း ပလာဇာမှာ ဖုန်းပြင်နေတာဖြစ်ပါတယ် '' ဟု ဦးတင့်လွင်က ပြောသည်။
အဆိုပါ ကိုဗစ်လူနာသည် နောက်ပိုင်း၌ အနံ့မရရှိသည့် လက္ခဏာ ဖြစ်လာသောကြောင့် ရန်ကုန်ပြကည်သူ့ဆေးရုံကြီးသို့ စောင့်ကြည့်လူနာအဖြစ် ရောက်ရှိခဲ့ပြီး ဓာတ်ခွဲနမူနားများယူ၍ စစ်ဆေးခဲ့ရာတွင် ရောဂါပိုးတွေ့ရှိခဲ့ရခြင်း ဖြစ်ကာ လက်ရှိတွင် ၎င်းနေထိုင်ရာ လမ်းကို Lockdown ချထားလိုက်ပြီးဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးတင့်လွင်က ပြောသည်။
>>zawgyi<<

0 comments:

Post a Comment