Saturday, August 29, 2020

(၁၀-၈-၂၀၂၀) ရက်နေ့မှစ၍ ပြည်တွင်းလေကြောင်းခရီးစဉ်များဖြင့် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လိုက်ပါခဲ့သူများစာရင်း

COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို အချိန်မီထိန်းချုပ်နိုင်ရန် ပြည်သူများအနေဖြင့် (၁၀-၈-၂၀၂၀) ရက်မှစ၍ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ရခိုင်ပြည်နယ် အတွင်းရှိ ရောဂါကူးစက်ဖြစ်ပွားမှုများရှိနေသော မြို့နယ်များသို့ / မှ ခရီးသွားလာမှုများရှိပါက မိမိအသိစိတ်ဖြင့် ချက်ချင်းသတင်းပေးပို့ရန် လိုအပ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတိပေးနှိုးဆော်ပန်ကြားထားပြီး ဖြစ်ပါသည်။
(၁၀-၈-၂၀၂၀) ရက်မှစ၍ ပြည်တွင်းလေကြောင်းခရီးစဉ်များဖြင့် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လိုက်ပါခဲ့သူများအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် အုပ်ချုပ်ရေးအဖွဲ့အ စည်းများသို့ ချက်ချင်းသတင်းပို့ ကျန်းမာရေးစစ်ဆေးမှုခံယူရန် လိုအပ်ပါသည်။
သို့မှသာ မိမိတွင်ရောဂါကူးစက်မှုရှိပါက အချိန်မီကုသမှုခံယူနိုင်မည်ဖြစ်ပြီး မိမိမှတစ်ဆင့် မိမိ၏ မိသားစုနှင့် နီးစပ်ရာများသို့ ရောဂါကူးစက်မှုမှ ကာကွယ်နိုင်မည်ဖြစ်သဖြင့် သတင်းပေးပို့၍ ကျန်းမာရေးစစ်ဆေးမှုခံယူရန် နှင့် သတင်းပေးပို့ရန် ပျက်ကွက်သူများအား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေနှင့် အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ပန်ကြားအပ်ပါသည်။
(၁၀-၈-၂၀၂၀) ရက်နေ့မှ (၂၁-၈-၂၀၂၀) ရက်နေ့အတွင်း ပြည်တွင်းလေကြောင်းခရီးစဉ်များဖြင့် ရခိုင်ပြည် နယ်မှ ရန်ကုန်မြို့သို့ လိုက်ပါခဲ့သူများ စာရင်းကို ပူးတွဲဖော်ပြအပ်ပါသည်။ အဆိုပါ ခရီးသည်များ၏ ဖုန်းနံပါတ်များကိုလည်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့တွင် စုစည်းထားရှိပြီးဖြစ်ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

0 comments:

Post a Comment