Sunday, August 30, 2020

စိတ်ကြွဆေး ရောင်းဝယ်မှုနှင့် ပတ်သက်ပြီး ကူတူပါလောင် ဒုက္ခသည်စခန်းအတွင်း ရန်ငြိုးဖွဲ့သူ အုပ်စုအကြား ၂-ရက်ကြာ ပဋိ ပက္ခဖြစ်သဖြင့် ၁၂-ဦး ဒါဏ်ရာရရှိ၍ တဲအိမ် ၂၀ ဖျက်ဆီးခံရ

ဘင်္ဂလားဒက်ရှ်နိုင်ငံ ကော့ခ်ဘဇားခရိုင်၊ အူခီယာမြို့နယ် ကူတူပါလောင် စခန်းတွင် ခိုလှုံလျှက်ရှိသော ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) အဖွဲ့ ၂-ဖွဲ့တို့အကြား အတွင်းရေးရန်ငြိုးကြောင့် ၂-ရက်ကြာ ပဋိပက္ခဖြစ်ပွားရာ လူ ၁၂-ဦး ဒါဏ်ရာရရှိသည်ဟု Dhaka Tribune က ယမန်နေ့ရေးသားသည်။
စခန်းအတွင်းရှိ အခြေအနေများမှာ ယခုအခါ ထိန်းချုပ်မှုအောက်၌ ရောက်ရှိနေပြီး ပဋိပက္ခ၌ ပါဝင်သူများအား ဖမ်းဆီးနိုင်ရန် ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း အမှတ်-၁၄ သေနတ်ကိုင်ရဲတပ်ရင်း၏ တပ်ရင်းမှူးဖြစ်သူ အာတီကူအစ္စလာမ်က ပြောဆိုသည်။ သို့သော် ဒါဏ်ရာရရှိသူတို့မှာ မည်သူမည်ဝါဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြခြင်း မရှိချေ။
ကူတူပါလောင် ဒုက္ခသည်စခန်းတွင် မှတ်ပုံတင်ထားသည့် ဒုက္ခသည်ဘင်္ဂါလီများဖြစ်သော မန်နာအုပ်စုနှင့် အခြားမှတ်ပုံမတင်ရသေးသည့် အစ္စလာမ်မဟဒ်အုပ်စုတို့အကြား ယာဘစိတ်ကြွဆေး ရောင်းဝယ်မှု လက်ဝါးကြီးအုပ်လိုသည့်သဖြင့် ရန်ငြိုးဖွဲလျှက်ရှိသည်မှာ ကြမြင့်ခဲ့ပြီဖြစ်ကြောင်း၊ စနေနေ့တွင် ရမ်းသန်းပစ်ခတ်မှုများဖြင့် စတင်ခဲ့သော ပဋိပက္ခများသည် တနင်္ဂနွေနေ့အထိ ဖြစ်ပွားခဲ့ကြောင်း၊ နှစ်ဖက်အချင်းများရာတွင် တဲအိမ်အလုံး - ၂၀ နှင့် ရေလှောင်ကန်အများအပြားလည်း ဖျက်ဆီးခြင်းခံရကြောင်း၊ ခိုက်ရန် ဖြစ်ပွားကြောင်း သတင်းအရ သေနတ်ကိုင်ရဲတပ်ရင်း တပ်ဖွဲ့ဝင်များနှင့် တရားဥပဒေစိုးမိုးရေးအရာရှိများ ရောက်ရှိသွားချိန်တွင် အုပ်စု ၂-စုလုံးမှ ပါဝင်သူများမှာ အခင်းဖြစ်နေရာမှ ထွက်ပြေးသွားကြပြီဖြစ်ကြောင်း ရဲတပ်ရင်းမှူးက ဆက်လက် ပြောဆိုသည်။
>>zawgyi<<

Monday, August 31, 2020

0 comments:

Post a Comment