Monday, August 31, 2020

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားတစ်ဦးဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ လုံခြုံရေးပူးပေါင်းအဖွဲ့သည် ဝါရှောင်ကျေးရွာ၏ အ‌ရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဩဂုတ် ၂၈ ရက် ညနေ ၆ နာရီခွဲခန့်တွင် ယာဉ်ဖြတ်သန်းသွားလာမှုများအားစစ်ဆေးနေစဉ် ဆဒုံးမြို့ဘက်မှ ဝိုင်းမော်မြို့ဘက်သို့ မောင်းနှင်လာသော 125 အမျိုးအစား မော်တော် ဆိုင်ကယ်တစ်စီးအား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ဆိုင်ကယ်မောင်းနှင်သူသည် နောက်မှလိုက်ပါစီးနင်း လာသူအား ချထားပြီးဆိုင်ကယ်အား ဝိုင်းမော်မြို့ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ သည်။ အဆိုပါ လိုက်ပါစီး နင်းသူအား စစ်ဆေးရာ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားတစ်ဦးဖြစ်ကြောင်း သိရှိဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားအား တရားဥပဒေအရ အရေးယူနိုင်ရေး ဝိုင်းမော်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment