Sunday, August 30, 2020

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း ကျပ်သိန်း ၁၂၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးချက် လုပ်ရာတွင် အသုံးပြုသည့် ဟိုက်ဒရိုကလိုရစ် အက်ဆစ်များဖမ်းဆီးရမိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်၊ အရှေ့တောင်ဘက် ၁၉ မိုင်ခန့်အကွာရှိ နယ်မြေလုံခြုံရေးလုပ် ငန်းများ ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လဲချား- မိုင်းကိုင်သွား ကားလမ်းပေါ်၌မော်တော် ယာဉ်များအား စစ်ဆေးနေစဉ် လဲချားမြို့ဘက်မှ မိုင်းကိုင်မြို့ဘက်သို့ ယာဉ်မောင်း ဖြိုးအောင်(ဘ)ဦးစိန်မတ်၊ မြင်းခြံမြို့နေသူ မောင်းနှင်လာသည့် ၁၂ ဘီးယာဉ်ပေါ်မှ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဟိုက်ဒရိုကလိုရစ် အက်ဆစ် ၁၆ လီတာပါ ၇၅၀ ပုံး၊ စုစုပေါင်း လီတာ ၁၂၀၀၀ (ကာလတန်ဖိုး ငွေကျပ် သိန်းပေါင်း ၁၂၀၀) ခန့်အားဖမ်ဆီးရမိခဲ့သည်။
စစ်ဆေးချက်အရ ယာဉ်ပိုင်ရှင်သည် ရှေ့မှကြိုထွက်သွားကြောင်းသိရှိရသဖြင့် မိုင်းကိုင်မြို့နယ်ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ဖမ်းဆီးခဲ့ရာ ယာဉ်ပိုင်ရှင်ဖြစ်သူ ကျန်မာခါး(ဘ)ကျန်မာလှ၊ ဟိုနားရပ်ကွက်၊ မူဆယ်မြို့နေသူကို ပါကျဲရိုး (လိုင်စင်မဲ့)ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါဖမ်းဆီးရမိသူနှစ်ဦး၊ မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် အက်ဆစ်ပုံးများအား ဥပဒေနှင့်အညီအရေးယူနိုင်ရေး သက်ဆိုင်ရာ သို့စနစ်တကျလွှဲပြောင်းပေးခဲ့ကြောင်းသတင်းရရှိသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

0 comments:

Post a Comment