Monday, August 31, 2020

ရခိုင်ပြည်နယ်တွင် ပိုးတွေ့လူနာအားလုံး ၈၄ % မှာ ရောဂါလက္ခဏာမပြဘဲ စစ်ဆေးလိုက်မှ တွေ့ရှိရခြင်းဖြစ်နေ

"ရခိုင်ပြည်နယ်မှာ ပိုးတွေ့လူနာအားလုံးရဲ့ ၈၄ % က ရောဂါလက္ခဏာမပြဘဲ ရှိနေတာကိုအံ့အားသင့်ဖွယ် တွေ့ရှိနေရပါတယ်။ ဒါဆိုရင် ရောဂါပိုးရှိသူ ၁၀၀ မှာ ၈၄ ယောက်က ဘာမှလက္ခဏာမပြပဲ ပိုးရှိနေနိုင်တယ်ဆိုတဲ့သဘောပါပဲ။" ဟု ဒေါက်တာခင်ခင်ကြီးရဲ့ Facebook မှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတွင် ယနေ့ (၃၁-၈-၂၀၂၀ ရက်နေ့) နံနက်ပိုင်းအထိ Covid-19 ပိုးတွေ့အတည်ပြုလူနာ (၇၈၇) ဦးရှိနေပြီး ပိုးတွေ့လူနာများ၏ ၇၂ % မှာ ရောဂါလက္ခဏာမပြဘဲ စစ်ဆေးလိုက်မှ တွေ့ရှိရခြင်းဖြစ်ကြောင်းသိရပါတယ်။
"တချို့တွေက ဒီတခါ ရခိုင်မှာဖြစ်တဲ့ ကိုဗစ်ဟာ ရောဂါကူးစက်တာသာ မြန်တာပါ၊ ရောဂါမပြင်းထန်ဘူး။ ဒါ့ကြောင့်စိုးရိမ်စရာမလိုဘူး။ သာမန်ရာသီတုပ်ကွေးလိုမျိုးလို့ ထင်တတ်ကြပါတယ်။ ဒါဟာလုံးဝမှားယွင်းပါတယ်။ ဘာလို့ပြောရသလဲဆိုရင် ၃၀- ၃- ၂၀၂၀ ရက်နေ့အထိ ရောဂါပိုးတွေ့လူနာတွေအနက် (၃) ဦးဟာ ရော ဂါပြင်းထန်တာကို တွေ့ရှိလာရပြီဖြစ်လို့ပါပဲ။ သူတို့တွေဟာ အသက် ၆၀ ကျော်တွေဖြစ်ပြီး နောက်ခံရောဂါတွေဖြစ်တဲ့ သွေးတိုး၊ ဆီးချို ၊နှလုံးရောဂါတွေ ရှိနေခဲ့တာလည်း ရောဂါရဲ့ ဆိုးကျိုးကို ပိုမိုခံစားရတာဖြစ်ပါတယ်။" ဟုလည်း ဒေါက်တာခင်ခင်ကြီးရဲ့ Facebook မှာဖော်ပြထားပါတယ်။
ယခုဆိုလျှင် ရခိုင်ပြည်နယ်၏ မြို့နယ် (၁၅) မြို့နယ်အထိ ရောဂါကူးစက်မှုဖြစ်နေတာကို တွေ့ရပါတယ်။
"လက်ရှိအချိန်မှာ ရောဂါဗေဒရှုထောင့်အရ ရောဂါဖြစ်ပွားသူ တက်နေအုံးမှာပါပဲ။ သို့သော် ဘယ်လောက်ထိ တက်မလဲ၊ ဘယ်အချိန်မှာ တန့်ပြီး ဘယ်အချိန်မှာ ကျသွားမလဲ ဆိုတာကတော့ ပြည်သူလူထုနဲ့ အစိုးရ ချိန် သားကိုက် ဆောင်ရွက်မှုအပေါ် အများကြီးမူတည်နေတာမို့ အားလုံးပူးပေါင်းကူညီဆောင်ရွက်ကြပါ။ အားလုံးရဲ့ အားစိုက်ထုတ်မှုဟာ အရှိန်အဟုန်နဲ့ အားကောင်းလာတဲ့အခါ ရောဂါဖြစ်ပွားကူးစက်မှုကို အမြန်ဆုံးထိန်း ချုပ်နိုင်ပါလိမ့်မယ်။" ဟုလည်း ဒေါက်တာခင်ခင်ကြီးက ရေးသားထားပါတယ်။
Ref ; Health Digest Journal

0 comments:

Post a Comment