Monday, August 31, 2020

နေပြည်တော်ကောင်စီထုတ်ပြန်ကြေညာချက်

 

နေပြည်တော်မှာ လူစုလူဝေးဖြင့် ကျင်းပပြုလုပ်ရမယ့် အခမ်းအနားများ၊ ရုပ်ရှင်ရုံများ၊ ဘော်ဒါ ဆောင်များ ဖွင့်လှစ်ခြင်းမပြုလုပ်ဖို့ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်ကို စက်တင် ဘာလ(၃၀)ရက်နေ့အထိ ရက်တိုးမြှင့်လိုက်ကြောင်း နေပြည်တော်ကောင်စီမှ ယနေ့နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု မရှိစေဖို့အတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဌာနအဖွဲ့အစည်းများ လုပ်ငန်းရှင်များနဲ့ အများပြည်သူများအနေနဲ့ လူစုလူဝေးဖြင့် ကျင်းပပြုလုပ်ရမည့် အခမ်းအနားများ၊ ပွဲလမ်းသဘင်များ မပြုလုပ်ရန်၊ ရုပ်ရှင်ရုံများ၊ ဘော်ဒါဆောင်များ၊ မူကြိုကျောင်းများ ဖွင့်လှစ်ခြင်း မပြုလုပ်ဖို့အတွက် နေပြည်တော်ကောင်စီရဲ့ (၁၄.၈.၂၀၂၀) ရက်စွဲပါ အမိန့်အမှတ် (၈၇/၂၀၂၀)ဖြင့် ထုတ်ပြန်ထားတဲ့ အမိန်ကြေညာစာကို ၂၀၂ဝပြည့်နှစ် သြဂုတ်လ(၃၁)ရက်နေ့အထိ အတည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။
အဆိုပါ အမိန့်ကြေညာချက်ကို ထုတ်ပြန်တဲ့နေ့မှ ၂၀၂ဝပြည့်နှစ်၊ စက်တင်ဘာ(၃၀)ရက်နေ့အထိ ရက်တိုးမြှင့်သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။

0 comments:

Post a Comment