Monday, August 31, 2020

တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီသည် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်ရှိ မဲဆန္ဒနယ်များ၌ ကိုယ်စားလှယ်လောင်း(၄၁) ယောက်ဝင်ရောက်ယှဉ်ပြိုင်မည်

လာမည့်ရွေးကောက်ပွဲ၌ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီသည် စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ်ရှိ မဲဆန္ဒနယ်များ၌ ကိုယ်စားလှယ်လောင်း(၄၁)ယောက်ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်သည်။
အဆိုပါ ပါတီသည် ရှမ်းနီတိုင်းရင်းသားများနေထိုင်သည့် စစ်ကိုင်းတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်ရှိ မဲဆန္ဒ နယ်များကို အခြေပြုဝင်ရောက်ယှဉ်ပြိုင်သွားမှာလည်း ဖြစ်ပါတယ်။
ရှမ်းနီပါတီ၏ နိုင်ငံရေးရည်မှန်းချက်သည် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာစေရန်၊ ရှမ်းနီအမျိုးသားများ ပြည်နယ်ရရှိလာစေရန်၊ ပြည်တွင်းစစ် ရပ်စဲပြီး ရေရှည်တည်တန့်ခိုင်မြဲသော ပြည်တွင်းငြိမ်းချမ်းရေး ရရှိလာစေရန်၊ ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာသော နိုင်ငံတော်ဖြစ်ပေါ်လာစေရန် စသည်တို့ဖြစ်ပါတယ်။
Ref ; People Media

0 comments:

Post a Comment