Saturday, August 29, 2020

မြဝတီမြို့နယ်တွင် တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားများ ဖမ်းဆီးရမိ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ လုံခြုံရေးပူးပေါင်းအဖွဲ့က သင်္ကန်းညီနောင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ယာဉ်ဖြတ်သန်းသွားလာမှုများအား စစ်ဆေးနေစဉ် ယမန်နေ့ နံနက် ၇ နာရီခွဲခန့်တွင် မြဝတီမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ ယာဉ်မောင်း ဦးမျိုးမင်းအောင်(ဘ)ဦးဝင်းသော်၊ အမှတ်(၁)ရပ်ကွက်၊ သဲကုန်းမြို့၊ ပဲခူးတိုင်းဒေသကြီးနေသူ မောင်းနှင်လာသည့် TOYOTA Caldina အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်၌ တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၂ ဦးအား ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိ မော်တော်ယာဉ်၊ ယာဉ်မောင်းနှင့် တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား ၂ ဦးတို့အား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

0 comments:

Post a Comment